City of stars
Are you shining just for me?အသက် ၂၀ ကျော်လာတဲ့ နောက်ပိုင်း
ပျော်ရွှင်မှုဆိုတာ ဘာလဲလို့မေးရင်
မနက် ကိုးနာရီမှာ နိုးပြီး
မထသေးပဲ အိပ်ယာထဲ ဆက်နေခွင့်ရတဲ့ မနက်တွေလို့
ဖြေမယ်။
၁၁ နာရီမှ စားရတဲ့ မနက်စာဟာ
အရသာသိပ်ရှိမှန်း သိလာရတယ်
နောက်ကျနေမှာ စိတ်မပူရပဲ
ကောင်းကောင်း အိပ်ပျော်တဲ့ ညတွေကို
တန်ဖိုးထားလာတယ်။အရင်က သိပ်ကြောက်စရာလို့ ထင်ခဲ့တဲ့ ဓားသွားတွေဟာ
အနီးဆုံးလူတွေရဲ့ လက်ညိုးလောက်တောင်
မထက်ပါလားလို့ သိရှိခဲ့ပြီးနောက်
လူများများစားစားကို ဘဝထဲ အဝင်မခံတော့ဘူး။
ဒီ့ထက်ပိုပြီး စိတ်နှလုံးကို
အထိခိုက်အပျက်စီး မခံနိုင်တော့လို့
ဘာမှလည်း မဖြေရှင်းချင်တော့ဘူး
သူတို့ ပြောပါစေ ပျော်ပါစေပေါ့
ကျွန်တော် နားတွေ မျက်လုံးတွေ ပိတ်ထားတယ်
အဲ့လိုရလား။ဘာလို့ အကောင်းမမြင်ရလည်း
ဘာလို့ အစောင်းမြင်ရလည်း
အတ္တစွဲတွေနဲ့ နှလုံးသားကို မစွန်းထင်းစေချင်တော့ဘူး။
ဘဝထဲက လူတွေခပ်သုတ်သုတ် ထွက်ခွာသွားတာ
ကိုယ့်ဘေးနား ဘယ်သူတွေ ကျန်ခဲ့လဲလို့
သိရတဲ့ အခွင့်အရေးပဲမို့လား။
အရေးတယူ အသနားမခံချင်တော့ဘူး
ဘယ်အချိန်နားထောင်ထောင် ရိုးမသွားမယ့်
သီချင်းတစ်ပုဒ်ရယ်
ကိုယ်ပြောသမျှ နားထောင်မယ့်လူ
နှစ်ယောက်သုံးယောက်လောက်နဲ့ ...City of stars
There's so much that I can't seeပျင်းစရာကောင်းတယ်ပဲ ပြောလည်း
အိမ်ပြန်လမ်းက နေဝင်ချိန်မှာ
တိမ်တွေတောက်တာကြည့်ပြီး ကျွန်တော် ကြည်နူးတယ်။
စနေ သို့မဟုတ် တနင်္ဂနွေဆို
အိပ်ယာထဲမှာ တနေကုန်နေတယ်
ဝယ်ပြီး မဖတ်ဖြစ်တဲ့ စာအုပ်တွေအထပ်လိုက်နဲ့
ဂိမ်းဆော့ချင်ဆော့နေမယ် အိပ်ချင်အိပ်နေမယ်အသိစိတ်က တာဝန်ဝတ္တရားတွေ
ကျွန်တော် ပစ်ချချင်နေပါပြီ။
ကျွန်တော်ရှိမှ ဖြစ်မယ်ဆိုတဲ့ အသိတွေ
ကျွန်တော်လုပ်မှ ရမယ်ဆိုတဲ့ အသိတွေကို
မရှိတော့လည်း ဘာဖြစ်လဲ မလုပ်တော့လည်း
ဘာဖြစ်သွားလဲဆိုတဲ့ အတွေးတွေနဲ့ အစားထိုးမယ်။
ဘဝဟာ တိုတိုလေးမှန်း သိပေမယ့်
ဖြစ်ချင်တာနဲ့ လုပ်ချင်တာနဲ့ ကြားမှာ
တော်တော် ပင်ပန်းတယ်
တစ်ခါတစ်လေ ရည်မှန်းချက်ဆိုတာတွေက
ချောက်နက်နက်ထဲကျမိစေတဲ့ ဘီးလုံးတွေဖြစ်သွားနိုင်တယ်
Comfort zone ထဲက တိုးထွက်ခဲ့တာလည်း ကျွန်တော်ပဲ
Comfort zone ထဲ ပြန်တိုးဝင်ချင်နေတာလည်း ကျွန်တော်ပဲ
အဆုံးအရှုံးတွေထဲမှာ ယုံကြည်ရတဲ့သူတွေပါနေတာ
ပိုအထိနာတယ်
ရပ်တန့်ပစ်ရတော့မလား ရှေ့ဆက်လျှောက်ရမလား
ဒီကြားထဲမှာနေရင်း နှစ်ဆယ်ကျော်ပြီး တစ်နှစ်ဟာ
ကုန်ဆုံးသွား။Who knows?
Is this the start of something wonderful and new?နောက်ထပ် ဘယ်လောက်များ ....
ပြီးတော့ ဘယ်တော့များ ...Or one more dream that I cannot make true?
YOU ARE READING
Whispers
Short Storyသီချင်းတွေမှာ ပုံပြင်ကိုယ်စီရှိကြတယ် ဒါကို ကိုယ်မပြောလည်း မင်းသိပါတယ်