1

45.9K 885 11
                                    

zawgyi>>>

"Hyunee ပြောတာအမှန်တွေလား?"

"ကျွန်တော်ခင်ဗျားကိုဘယ်တုန်းက လိမ်ခဲ့ဖူးလို့လဲ Yeol"

Chanyeol ဘာတစ်ခွန်းမှမပြောမိတော့ပဲ နှုတ်ခမ်းပါးတို့စေးကပ်လာသယောင်...
Omma ကဒီလိုလုပ်ရပ်မျိုးလုပ်လိမ့်မယ်လို့ တစ်ခါမှတွေးမထားခဲ့ဘူးတာ...

သူသိပ်လေးစားရတဲ့ omma ဟာဒီလိုတဲ့လား??

"ကိုယ်...ကိုယ်တောင်းပန်ပါတယ် Hyunee...Omma အစားကိုယ်တောင်းပန်ပါတယ်"

သူ့နားကို ရောက်လာပြီး ရုတ်ချည်းနှလုံးသားကို ဆွဲလုသွားပါသောကောင်လေးသည် သူ့အတွက်အဆိပ်တစ်ခွက်ဖြစ်နေခဲ့မှန်းတကယ်ကိုထင်မထားခဲ့...

Baekhyun ပြောပုံအရတော့ Omma က hyunee အစ်ကိုသေအောင်လုပ်ခဲ့တာတဲ့လေ...

Chanyeol ရဲ့အစ်ကိုနဲ့ Baekhyun အစ်ကို ချစ်သူတွေဖြစ်တော့ Omma ကခွဲခဲ့တာ...နောက်ဆုံးရလဒ်ကတော့ Omma ရဲ့ဖိနှိပ်မှုတွေကြောင့် Baekhyun ရဲ့အစ်ကိုဟာအဆုံးစီရင်သွားခဲ့တယ်

အခု Baekhyun ရဲ့ပစ်မှတ်က သူဖြစ်လာခဲ့တာပေါ့...

"ခင်ဗျားတောင်းပန်လဲဘာမှမထူးဘူး Yeol...ကျွန်တော်ခင်ဗျားအမေကိုမုန်းသလို ခင်ဗျားနားရောက်လာတာလဲ လက်စားချေဖို့သက်သက်ပဲ"

"ကိုယ်...ကိုယ်နားလည်ပါပြီ Hyunee"

Hyunee ရှေ့တွင် Chanyeol ဒူးထောက်ထိုင်ချလိုက်မိတယ်...

"ကိုယ့် Omma အမှားအတွက်...ကိုယ်တောင်းပန်ပါတယ် Hyunee...ကိုယ့်ကိုမင်းပိုင်ပါတယ်"

Baekhyun မဲ့ပြုံးပြုံးလိုက်သည်ကိုတော့  chanyeol မြင်ဖြစ်အောင်မြင်လိုက်ပါသေးသည်...
အော်...ချစ်ရသူအပြုံးပေပဲ...

ချစ်စရာကောင်းတဲ့အပြုံးဖြစ်ဖြစ် ကြောက်စရာကောင်းတဲ့အသွင်ပြင်ဖြစ်ဖြစ် ဘာမဆိုသူလက်ခံနိုင်ရမှာပေါ့လေ...

"ခင်ဗျားကျွန်တော့်ကိုလက်ထပ်ရမယ် Yeol"

"ဟင်?!"

"ခင်ဗျားအမေက ယောကျာ်းချင်းကြိုက်တာကိုသိပ်မုန်းတာလေ"

Chanyeol ခေါင်းကိုသာပြန်ငုံ့ရင်း Baekhyun ပြောသမျှလက်ခံပေးမိတယ်...လက်ထပ်ဖို့ဆိုတာ သူမမျှော်လင့်ခဲရဲတဲ့အရာတစ်ခု...

As your wish...Where stories live. Discover now