8

14.1K 458 36
                                    

zawgyi>>

"နိုးပြီလား ယောလ်..."

"အင်း hyunee..."

Baekhyun ဘာမှမပြောပဲ ခေါင်းသာငြိမ့်ပြသည်...
ချန်းယောလ် စိတ်ထဲတစ်မျိုးပင် ဘဝင်မကျဖြစ်နေတာကြောင့် hyunee ကိုအရဲစွန့်ကာ မေးဖို့ကြိုးစားရတော့တယ်...

"ည..ညက..."

"အင်း ဘာဖြစ်လဲ"

"Hyunee ကျေနပ်ရဲ့လား?"

ချန်းယောလ်မေးလိုက်တော့ Baekhyun နှုတ်ခမ်းပါးမှ တစ်ချက်ပြုံးလိုက်သည်ကိုတွေ့ရသည်...
ထို့နောက်၊သူ့ဘက်တစ်ချက်လှည့်လိုက်ရင်း မျက်ဝန်းတို့ကိုစိုက်ကြည့်လာတယ်...

"မကျေနပ်ဘူးဆိုရင်ရော?"

"ကိုယ်...တောင်းပန်..."

"အခုကျေနပ်အောင်လုပ်ပေးမလား"

"ဟင်"

ချန်းယောလ် နှုတ်ခမ်းများပွင့်ဟသွားရသည်... တကယ်တော့သူမဖြစ်ပါ... Hyunee ညကဘယ်လောက်ကြမ်းထားလဲ သူအသိဆုံး...

တစ်ကိုယ်လုံးနာကျင်ပြီးကိုက်ခဲနေတာ...
သွေးစတွေမြင်တာတောင် မသိဟန်ဆောင်ပြီး တစ်ညလုံးဆက်ဆံခဲ့တဲ့ hyunee လေးကြောင့် အောက်ပိုင်းကအထိတောင်မခံနိုင်တော့ဘူး...

ဒါကို အခုသာထပ်ပေးရမယ်ဆိုရင်...
ပြီးတော့
Hyunee ကတစ်ခါထဲနဲ့ဘယ်တော့မှပြီးတတ်တာမဟုတ်...

တကယ်ဘယ်လိုမှမဖြစ်ပါ...
ဒါပေမဲ့ hyunee ကတကယ်လိုချင်နေတာဆိုရင် ဘယ်လိုလုပ်မလဲ?

သူစိတ်ကုန်သွားရင်ရော??

အတွေးကြားဗျာများနေသော ချန်းယောလ်ကိုကြည့်ရင်း Baekhyun ရယ်မိသည်...

သူရယ်တာမြင်တော့ အူကြောင်ကြောင်လေးပြန်ကြည့်နေပြန်တဲ့ ယောလ်...

"အိမ်ပြန်တော့မယ် ခင်ဗျားလိုက်မှာလား"

"အင်း...Hyunee"

ချန်းယောလ် မတ်တပ်ရပ်ဖို့လုပ်တဲ့အခါ အောက်ပိုင်းကနာကျင်မှုကြောင့် ခြေထောက်ပင်ခွေကျသွားရတယ်...

သူလဲသွားတာမြင်တော့ hyunee ချက်ချင်းအနားရောက်လာကာ ကူတွဲပေးလိုက်သည်...

"အဆင်ပြေရဲ့လား?ခင်ဗျားအရမ်းနာနေတာလား?"

စိုးရိမ်တကြီးမေးလာတဲ့ hyunee ပုံစံလေးကြောင့် သူ့ရင်ထဲအပျော်လုံးတွေဆို့သွားရတယ်...

As your wish...Where stories live. Discover now