5

17.5K 566 37
                                    

zawgyi>>>

ဒီနေ့ အလုပ်ပိတ်ရက်ဖြစ်သည်...
နှစ်ယောက်လုံးအိမ်မှာရှိသလို hyunee ကလဲ ဧည့်ခန်းထဲက ဆိုဖာပေါ်ထိုင်ရင်း ဖုန်းတစ်လုံးနဲ့အလုပ်ရှုပ်နေလေရဲ့...

"H..hyunee..."

"အင်း ဘာဖြစ်လို့လဲယောလ်..."

"ဟို...ကိုယ် Omma ဆီသွားချင်လို့...အဲ့တာ..."

နာမည်ကြားရုံနဲ့
ရုတ်ချည်းမျက်နှာပျက်သွားသော hyunee လေးက Omma ကိုဘယ်လောက်မုန်းနေမှန်းသိသာပါသည်...

Chanyeol စိတ်မကောင်းဖြစ်သလို အအော်ခံရမှာစိုးရိမ်တာကြောင့် ခေါင်းကိုအသာငုံ့ထားမိတယ်...

Hyunee လေး စိတ်ချမ်းသာနေချိန်မို့သာ သူပြောရဲတာပါ...မဟုတ်ရင် hyunee ရွှေစိတ်တော်ငြိုငြင်မှာစိုးလို့ တစ်ခွန်းမဟရဲခဲ့ဘူး...

သူသွားချင်ရင်အေးဆေးထွက်သွားလို့ရပါတယ် ဒါပေမဲ့ Hyunee ကသူ့ရဲ့တရားဝင်ခင်ပွန်းလေ...

ဘယ်လောက်ပဲသူကအိမ်ထောင်ဦးစီးဖြစ်ပါစေဦး Hyunee ကသူ့ရဲ့ယောကျာ်းပေမို့ ခွင့်မတောင်းပဲ ဥပေက္ခာမပြုရက်ချေ...

Hyunee ကို သူဘယ်လောက်တန်ဖိုးထားသလဲဆိုတာ သိစေချင်မိပါရဲ့...

"ဟို...hyunee မသွားနဲ့ဆို ကိုယ်မသွားတော့ပါဘူး...အဲ့တာကြောင့် စိတ်မဆိုးပါနဲ့နော်..."

"Arnyi..."

"ဟင်?"

"သွား...ခင်ဗျားအမေဆီ"

Hyunee လေးအပြုံးက တစ်မျိုးဖြစ်နေတာကြောင့် ချန်းယောလ်ရင်ထဲမတင်မကျပင်...

နိမိတ်ကောင်းလှသည်တော့မဟုတ်...

"ခင်ဗျားသွားရင် ကျွန်တော်ပါလိုက်မယ်"

"Hyunee..."

ချန်းယောလ်ထိတ်လန့်စွာ မော့ကြည့်မိပါသည်...
ထင်တဲ့အတိုင်းပဲ hyunee က ပြသနာရှာပါ၏
Hyunee နဲ့ Omma သာဆုံမယ်ဆို ကောင်းတာတစ်ခုမှဖြစ်လာနိုင်ချေမရှိ...

Hyunee က Omma ကိုမုန်းသလို Omma ကလဲ hyunee ကိုခါးခါးသီးသီးရွံမုန်းနေတာပင်...

အဲ့လိုဆိုလို့လည်း နှစ်ယောက်လုံးက ချန်းယောလ်ဘဝရဲ့ အချစ်ရဆုံးနဲ့ တန်ဖိုးထားရဆုံး လူသားနှစ်ဦးမို့ ဘယ်လိုမှမမနေနိုင်ပါ...

As your wish...Where stories live. Discover now