6

15.8K 524 33
                                    

zawgyi>>>

Baekhyun နိုးလာတော့ သူ့ဘေးမှာအိပ်နေတဲ့လူကြီးမရှိတော့ချေ...

ကျစ်! ညကဒီလောက်ကြမ်းထားတာကို နဲနဲနားမယ်မရှိဘူး ဘယ်ရောက်သွားပြန်ပြီလဲ...

Baekhyun ခပ်တိုးတိုးသာရေရွတ်လိုက်ရင်း အောက်ထပ်ကိုဆင်းလာတော့ ထင်တဲ့အတိုင်း မီးဖိုချောင်ထဲမှာ ထော့နဲ့ထော့နဲ့ နဲ့သူ့အတွက်မနက်စာပြင်ပေးနေတဲ့ယောလ်...

Shitt သက်သာသေးတာလဲမဟုတ်ပဲ...

ဘယ်သူကအတင်းခိုင်းနေလို့လဲ!

"Hyunee နိုးပြီလား...ကိုယ်မနက်စာပြင်ပြီးပြီ လာစားလေ"

"အင်း"

Baekhyun ဘာမှမပြောတော့ပဲ နေရာတွင်ဝင်ထိုင်ကာ အလုပ်ရှုပ်နေတဲ့ လူကြီးကိုလှမ်းကြည့်နေမိတယ်...

"ယောလ်..."

"အင်း hyunee..."

"ခင်ဗျားလဲလာစားတော့"

"ဟင်!"

အံ့သြသွားတဲ့ပုံစံနဲ့ သူ့ကိုလှမ်းကြည့်လာတဲ့ ထိုလူကြီးမျက်ဝန်းတွေဟာ ပျော်ရွှင်မှုတွေပြည့်နှက်လို့နေသည်...

"တကယ်...တကယ်ပြောတာလား hyunee"

"နှစ်ခါထပ်မပြောဘူး...လာစားတော့"

ချက်ချင်းပင် သူ့အနားအပြေးလေးရောက်လာတဲ့ လူကြီးကြောင့် Baekhyun ပြုံးလိုက်မိတယ်...

ချန်းယောလ် ပျော်နေတာလဲမဆန်းပေ...
သူနဲ့လက်ထပ်ပြီးကတည်းက အခုချိန်ထိ တစ်ခါမှထမင်းအတူမစားဖူးသလို Baekhyun မကြိုက်မှာစိုးလို့ သူ စားတာကိုပဲဘေးကထိုင်ကြည့်နေခဲ့တာ...

အခုလို သူကိုယ်တိုင်က ခေါ်လာလိမ့်မယ်လို့ မျှော်လင့်မထားခဲ့တာလဲ ပါတာပေါ့...

"ခင်ဗျားသက်သာရဲ့လား?..ညက ကျွန်တော်များသွားတယ်..."

သူ့အမေးကြောင့် ဆွံ့အနေခဲ့တာကတော့ ချန်းယောလ်ကိုယ်တိုင်ပါပဲ...
အခု Hyunee လေးက သူ့ကိုစိတ်ပူပေးနေတာလား?

ဘုရားသခင်!ဒါအိပ်မက်မဟုတ်ပါဘူးနော်...

အိပ်မက်ဆိုလဲ မနိုးထပဲ ဆက်မက်ခွင့်ပေးပါ...ဒီအိပ်မက်လေးကို သူသဘောကျလွန်းလို့...

As your wish...Where stories live. Discover now