zawgyi>>>
Baekhyun တစ်ယောက်ထဲပျင်းတာကြောင့် ဘောင်းဘီပေါင်တိုလေးနဲ့ အင်္ကျီပန်းရောင်လေးကိုဝတ်ကာ အိမ်အပြင်ထွက်ခဲ့မိတယ်...
စိတ်အစဉ်ကလဲရွေ့လျားလို့ပေါ့...
သူလုပ်တာတွေမှားနေပြီလား?
ဟင့်အင်း...သေချာမသိသေးပါ သူ...Chanyeol အပေါ်ရက်စက်ရာကျလွန်းနေပြီလား မခွဲခြားတတ်တော့ပေ
ယောလ်ရဲ့အမေကလဲ ဆုံးသွားပြီ သူ့ဆန္ဒတွေလဲပြီးသွားပြီပဲကို ဘာလို့ သူ...ယောလ်ဆီမှာကပ်တွယ်နေမိသေးလဲ နားမလည်နိုင်ခဲ့...
ချစ်လားဆိုတော့...
ဟင့်အင်း မချစ်ချင်ဘူး အချစ်ကိုထိတွေ့မိတဲ့အခါ လူတွေကအလိုလိုကျဆုံးသွားတတ်ကြတယ်၊သူမကျဆုံးချင်ဘူး ယောလ်လိုပေါ့..
ယောလ်ကတကယ်ရူးလွန်းတယ်
သူ့ဘယ်လောက်နှိပ်စက်စက် တစ်ခါမှအပြုံးမပျက်ခဲ့ဘူး...ယောလ်အမေမသေခင်တုန်းကဆို လူရှေ့မှာတင်ခဏခဏအရှက်ခွဲပြီး နိုင်နင်းပြတာတောင် အပြစ်တစ်ခွန်းမှမဆိုခဲ့...
ခေါင်းလေးငုံ့ပြီး တောင်းပန်ရှာတယ်မဟုတ်ဘူး လက်စားချေဖို့မှန်းသိသိကြီးနဲ့ လက်ထပ်ခဲ့ကတည်းက ယောလ်ဘယ်လောက်ရူးမှန်း သိသာနေပြီလေ...
သူဟိုတွေးဒီတွေးနဲ့လျှောက်နေတုန်း အချိန်ကအတော်မှောင်လာတာကို သတိထားမိလာတယ်
အိမ်ပြန်ဖို့တွေးလိုက်စဉ်မှာပဲ ရုတ်တရပ်ကြားလိုက်ရသောအသံ...
"ဟေ့ကောင်!"
မူးရူးနေသောလူနှစ်ယောက်ကြောင့် Baekhyun စိတ်ပျက်စွာနှာခေါင်းရှုံ့လိုက်ပြီး မြန်မြန်လှည့်ထွက်လာခဲ့သည်
သူတို့က အရင်က baekhyun နဲ့ ပြသနာတက်ခဲ့ဖူးကြတယ်
Baekhyun က dancer ဆိုတော့ ပြိုင်ပွဲတွေပြိုင်ကြရင်း သူတို့ထဲကတစ်ယောက်က ရှုံးသွားလို့မကျေနပ်တာ အခုထိပဲလေ..."ဘယ်သူများလဲလို့ မိတ်ဟောင်းဆွေဟောင်းကြီးပါလား ဟဟ"
လက်မောင်းကိုဆွဲလာသော သူ့ကြောင့် Baekhyun ရုန်းမိတယ်...
"ကျွန်တော်ဘာမှပြောစရာမရှိဘူး"
"ငါကတော့ပြောစရာတွေရှိတယ် ...မင်းကို ကောင်းကောင်းကြီးဆုံးမချင်နေတာကြာပြီ အခုမှပဲတိုက်ဆိုင်တော့တယ် ဟား"
YOU ARE READING
As your wish...
Fanfictionကိုယ့်အသွေးအသားကို မင်းစိတ်ကြိုက်သုံးဆောင်ပါ hyunee... (warning:Chanyeol bottom!!) Baekyeol/Chanbaek Yaoi RatedM Sorry for bad writings 90°bow #Yoohyunee