ကားသံမျာ လူသံများ တတီတီမြည်နေသော ဟွန်းသံများနှင့် လူ့ဘဝမှာအလွန်ပင်စိတ်ရှုပ်စရာ...။
KimTaeHyungတစ်ယောက် စိတ်ရှုပ်ရှုပ်ဖြင့် ဆိုးလ်လမ်းမတစ်လျှောက် ခြေဦးတည့်ရာလျှောက်လာ၏။
တစ်နေရာအရောက်...."Magic change your life"ဆိုသော ဆိုင်တစ်ခုကြောင့် စိတ်ဝင်စားသွားမိသည်။ ဆိုင်တံခါးကိုတွန်းဖွင့်လိုက်တော့ တံခါးတွင် ချိတ်ဆွဲထားသော bell လေးက တာဝန်သိစွာထမြည်သည်။
Girl:Orrsosaeyo!
Tae:Omo..gabjagi!
ရုတ်တရက် ထနှုတ်ဆက်လိုက်သော မိန်းကလေးကြောင့် လန့်သွားမိသညိ ကောင်မလေးမှာ အူကြောင်ကြောင်ရုပ်လေးနှင့် သူ့ကိုကြည့်နေသည်။
Tae:အဟမ်း...ဒီကတာဝန်ရှိသူနဲ့တွေ့ချင်တယ်
G:ကျမပါပဲရှင့်
Tae:သြော်...Magic Change Your life ဆိုတာ..?
G:မှော်ပညာက လူကြီးမင်းဘဝကိုပုံစံပြောင်းပေးမှာပါ
ကောင်မလေးကတက်တက်ကြွကြွ လက်ဟန်ခြေဟန်ဖြင့်ပြောတာကို မေးစေ့ပွတ်လျက်...စဉ်းစားနေဟန်ပြုသည်။
Tae:ကျနော် လုပ်ကြည့်ချင်တယ်
G:ခဏလေး စောင့်နော်
အနောက်ခန်းထဲဝင်သွားပြီး ဆေးပုလင်း တပုလင်းကိုယူလာပြီးနောက် TaeHyungကိုသောက်ခိုင်း၏။
Tae:Oho!နေပါဦး မင်းတိုက်တာက ဘာလဲ မသိပဲနဲ့ ငါမသောက်ဘူးနော်
G:Magic Potion ပါ လူကြီးမင်း
Tae:ယုံရမှာလား?
G:ကျမက လူကြီးမင်းကိုအဆိပ်တိုက်ပြီး ဘာလုပ်ရမှာလဲရှင့် ယုံယုံကြည်ကြည်သောက်ရင် ဆေးရဲ့ အာနိသင်က ပိုအားကောင်းလာလိမ့်မယ်။
Tae:ကောင်းပြီလေ
G:လူကြီးမင်းမသောကိခင် တစ်ခုမှာစရာရှိတယ် တကယ်လို့ ဆေးအာနိသင်ကိုပျက်ပြယ်စေချင်တယ်ဆိုရင် ဒီ မန္တုန် တိုင်းလုပ်ပါ "NoOne can't break the Magic,only true love kiss can break.Kiss your true love with your original type"
YOU ARE READING
Until You [Completed]
FanfictionZawGyi//Unicode Zawgyi Genere; Romance,Comedy,magic OTP; VKook Yaoi Tae:ငါရောက်လာတိုင်း မင်းကိုဒုက္ခပဲပေးနေမိတယ် Kook:မင်းကအတော်ထူးဆန်းတယ် မင်းလိုလူမျိုးငါမင်းမတိုင်ခင် တစ်ယောက်မှမတွေ့ဖူးဘူး Unicode Genere; Romance,Comedy,magic O...