ကလေး အပြင်သွားရအောင် - 🐰
အသံမြည်လာသော ဖုန်းကို TaeHyung ကြည့်လိုက်တော့ JungKook ဆီက..။
နေ့တိုင်း အပြင်သွားနေလို့မနေ့ကတင် Omma ဆူထားတယ် "( ပြီးတော့အခုကည ၉နာရီတောင်ထိုးနေပြီလေ - 🐯
ㅋㅋㅋ - 🐰
သူက စိတ်မကောင်းမဖြစ်ပေးတဲ့အပြင် ရယ်နေသောကြောင့် ဖုန်းကို Power off ပစ်လိုက်သည်။
အရူးကြီး..ယုန်အရူးကြီး အဲ့မှာပဲတစ်ယောက်တည်းရယ်နေ!
ကိုယ်လာခေါ်မယ်လေ - 🐰
Jungkook msgပို့ထားသော်လည်း ပြန်စာ တော်တော်နှင့်မလာသောကြောင့် ဖုန်းဆက်လိုက်သည်။
စက်ပိတ်ထားပါသည် ဆိုသော အသံလေးအကြားတွင် Jungkook ခွိ ကနဲ အသံထွက်အောင်ရယ်လိုက်မိသည်။ နည်းနည်းလေး စ တာနဲ့ ကောက်တော့တာပဲ ။
အိမ်ရှေ့က စက်ဘီးပေါ် သုတ်ခြေတင်ကာ ပေါက်စ အိမ်ကိုနင်းသွားလိုက်သည်။
ခင်ဗျားတို့သိလား? စိတ်ဆိုးအောင် စ လိုက်၊ ပြန်ချော့လိုက် လုပ်နေရတာကိုက ပျော်ဖို့ကောင်းတာ အချစ်ဗျ။
ပေါက်စ အိမ်အရောက်တွင်တော့ Ommaက တံခါးလာဖွင့်ပေးသည်။
Omma: ဟိုကောင် စိတ်ကောက်နေလို့ လာချော့တာမလား
Ommaက ပြုံးရင်း ဆိုသည်။ JungKookခေါင်းငြိမ့်ပြကာ အိမ်ပေါ်တက်သွားတော့ ထင်သည့်အတိုင်း အခန်းတံခါးကို သော့ခတ်ထားသည်။
JeonJungKookတဲ့ တKookပဲရှိတယ် အထာတွေနပ်နေလို့ Ommaပေးထားတဲ့ သော့နှင့် အသာဖွင့်ရင်းဝင်လာသည်။
ပေါက်စလေးက အင်္ကျီအပွအကြီးကြီး၊ ဂျေဂျေဘောင်းဘီကြီးနှင့် အိပ်ရာပေါ်တွင် အိပ်ပျော်နေသည်။ မျက်ဝန်းထဲတွင်တော့ မျက်ရည်စ အချို့ကို တွေ့လိုက်ရသည်။အားရိုး...ပေါက်စလေးက အရမ်းစိတ်ထိခိုက်လွယ်တာပဲ။
YOU ARE READING
Until You [Completed]
FanfictionZawGyi//Unicode Zawgyi Genere; Romance,Comedy,magic OTP; VKook Yaoi Tae:ငါရောက်လာတိုင်း မင်းကိုဒုက္ခပဲပေးနေမိတယ် Kook:မင်းကအတော်ထူးဆန်းတယ် မင်းလိုလူမျိုးငါမင်းမတိုင်ခင် တစ်ယောက်မှမတွေ့ဖူးဘူး Unicode Genere; Romance,Comedy,magic O...