Sixteen

4.3K 459 8
                                    

Recall>>>

Wait!Wtf!အဲ့တာ...

MinYoonGi?! ဘာလို့ MinYoonGi က ဒီလူကြီးနဲ့​တွေ့ရတာလဲ။

ကား​ပေါ်မှဆင်းလာကာ အိတ်​ကပ်​ထဲ လက်​ထည့်​ရင်း မတ်​တပ်​ရပ်​၍ ထို တက်​တူးနှင့်​ လူနှင့်​စကား​ပြော​နေ​သောလူမှာ...စင်​စစ်​ MinYoonGiပင်​ဖြစ်​သည်​။

ထိုစဉ်​ ဖုန်းသံမြည်​လာ​သော​ကြောင့်​ ​ကောက်​ကိုင်​ကာ နံရံအကွယ်​၌JungKookရပ်​လိုက်​သည်​။

"Hello.."

"Hello JungKook ဘယ်​ကိုထ ထွက်​သွားတာလဲ Jiminieကို အိမ်​ပြန်​ခိုင်းလိုက်​ပြီ ငါတို့လည်းပြန်​ကြမယ်​​လေ မင်းက ဘယ်​​ရောက်​​နေတာလဲ"

ပြောချင်​တာကို စွတ်​​ပြောကာ ပိတ်​​ဟောက်​​နေ​သော ထို လူ​သေး​သေးအား ပြန်​မ​ပြောနိုင်​​အောင်​ပင်​ JeonJungKook ဆွံ့အ​နေခဲ့သည်​။

"Hello..hello JungKook! ​သေ​နေလား!"

အသံစူးရှရှက နားနားကပ်​ထားသည့်​ဖုန်းမှ ထွက်​​ပေါ်လာမှအသိစိတ်​ဝင်​လာသည်​။

"TaeHyung..ခုနက ဆိုင်​​ရှေ့..မဟုတ်​ဘူး ဆိုင်​ထဲမှာပဲ​စောင့်​​နေ ကိုယ်​အခုပြန်​လာခဲ့မယ်​ အပြင်​မထွက်​နဲ့​နော်​"

JungKookအသံက အတည်​​ပြော​နေသည့်​အတိုင်း ​လေးနက်​​နေ၍ TaeHyung ဆိုင်​ထဲပြန်​ဝင်​ထိုင်​​နေလိုက်​သည်​။

မိနစ်​ပိုင်း​လောက်​အကြာမှာ အ​မောတ​ကော နှင့်​ အ​ပြေးဝင်​လာ​သော JungKook။

Tae:JungKook..ဘာဖြစ်​လာတာလဲ

စပ်​စုစိန်​TaeHyungမှာ သိပ်​မသိချင်​လှ​ပေ။

JK:Babe..ကိစ္စ​တွေက ကိုယ်​တို့ထင်​တာထက်​ရှုပ်​ကုန်​ပြီ ထင်​တယ်

Tae:ဟင်​..

JungKook မြင်​ခဲ့သမျှကို ခ​ရေ​စေ့တွင်းကျရှင်းပြပြီး​နောက်​မှာ​တော့..TaeHyungက ကမ္ဘာ​ကျော်​ စုံ​ထောက်​ကဲ့သို့ ​ခေါင်းကို တဆတ်​ဆတ်​ငြိမ့်
့​ကာ..

Tae:ဒါဆို..လူ့ဂွစာMinYoonGiကလည်း ဒီကိစ္စ မှာ ပါဝင်​ပတ်​သတ်​​နေတယ်​ ဆိုပါ​တော့..

JungKookက​တော့ သူ့တပည့်​ပမာ..​ခေါင်းငြိမ့်​ကာ ​ထောက်​ခံသည်​။

Until You [Completed]Where stories live. Discover now