လွမ်းစေသော...... part 6
Sing ထွက်သွားတော့ krist တစ်ယောက် ကုတင်ပေါ်သို့အားအင်မဲ့စွာထိုင်ချလိုက်ပြီး အတွေးတွေကစတွေ့ကြတုန်းကအချိန်တွေဆီသို့.........
မနှစ်က uni တတ်ရန်စောင့်နေတဲ့အချိန်က P' Earth ရဲ့
ကော်ဖီဆိုင်မှာကူလုပ်ပေးခဲ့သည် .ဆိုင်ကလမ်းစုံမှာရှိတာဖြစ်ကာ
ခြံလေးသီသန့်ခတ်ထားသည် နေရာကကျယ်သဖြင် ဆိုင်ထဲမှာသောက်ချင်လည်းရသလို အပြင်မှာလည်း စားပွဲရှည်တချို့ နဲ့ ခုံတမ်းတချို့ကိုချပေးထားသည် ဆိုင်မှာအလုပ်သမားတွေတော့ရှိသည် ဒါပေမဲ့ ကျောင်းပိတ်ရက်ဆို အမြဲ ကူနေကျပင် တစ်ရက်ဆိုင်ထဲကိုလေးကန်စောခြေလှမ်းများဖြင့် P' ရောက်လာခြင်းပါ krist ကကောင်တာမှာထိုင်လေ့မရှိ ဟိုစပ်စပ်ဒီစပ်စပ် သာလုပ်တာဖြစ်သည် P' Earth ဆိုရင် " ငရှုပ်ကောင် နင်ကလာလာပြီးကမြင်းကျောထနေတာ " လို့ ဆိုတတ်ဧ။်. P' က၀င်လာပြီးဆိုင်ထဲကိုတစ်ချက်ဝေ့ကြည့်ကာ ထောင့်ကစားပွဲမှာထိုင်သည် ကျွန်တော်လည်းထုံးစံအတိုင်း စားပွဲဆီသွားကာKrist >>> ဧည့်သည် ...ဘာသုံးဆောင်မလဲခင်ဗျ
Sing >>> ကျွန်တော်လာတာကဒီမှာဆိုင်ဖွင့်ထားတယ်ဆိုလို့
Krist ကိုငေးငေးလေးကြည့်ကာ ပြန်ဖြေသည် .သူ့လက်ထဲမှာစာအုပ်တစ်အုပ်ကိုကိုင်ထားပြီး စီးပွားရေးနှင့်ဆိုင်သောစာအုပ်တစ်အုပ်ဖြစ်သည် သူကကျွန်တော့်ကိုငေးသလိုကျွန်တော်ကလည်းသူ့ကို မသိမသာ အကဲခတ်မိဧ။်Krist >>> ဟုတ်ကဲ့ ဘာမှာမလဲမသိဘူး
Sing >>> Ice - coffee ရမလား
Krist >>> ဟုတ် ရပါတယ်ခင်ဗျ
Sing >>>ဒါဆို Ice - coffee တစ်ခွက်ပေးနော်
Krist >>> ဟုတ်ကဲ့ ခဏစောင့်ပါနော်
Krist လည်းဖျော်တဲ့သူဆီသွားကာ ice-coffee တစ်ခွက်ယူကာသူဆီပြန်သွားတော့သူကစာအုပ်ဖတ်နေတာဖြစ်သည် တစ်ခုခုကိုစိတ်ဝင်တစားဖတ်နေတဲ့သူပုံက ဆွဲဆောင်မှုရှိနေတာကတော့ ငြင်းလို့မရ ကျွန်တော်သူ့ကိုကြည့်နေစဉ်သူကမော့ကြည့်လာတော့မှ ပြုံးပြကာ
Krist >>> ice - coffee ရပါပြီ
Coffee ခွက်ကိုချခဲ့ကာ အမြန်လှည့်ထွက်လာခဲ့သည်
" သေစမ်း krist ယောကျာ်းလေးချင်းကိုဒီလောက်ငေးကြည့်ရလား " ကိုယ့်ခေါင်းကိုသာပြန်ထုကာ လုပ်စရာရှိတာကိုသာအာရုံစိုက်ရင်း ခဏကြာတော့ တစ်ယောက်ယောက်ကြည့်နေသလိုခံစားရတာကြောင့်လှည့်ကြည့်မိတော့ P' ကမျက်စိကိုချက်ချင်းလွှဲကာစာအုပ်ဆီကိုပို့လိုက်သည် "ဘာလဲဒီလူက သူများကိုကြည့်လည်းကြည့်သေးတယ် ပြီးတော့ မသိချင်ယောင်တောင်ပြန်ဆောင်သွားသေးတယ် "krist ပါးစပ်မှပွစိပွစိပြောရင်းမျက်စောင်းထိုးမိသည်
YOU ARE READING
လွမ်းစေသော...... (COMPLETE)
Fanfictionမြင်နေရက်နဲ့ လွမ်းနေရတာထက်စာရင် အဝေးမှာနေတာကမှ ဝေးနေလို့လွမ်းပါတယ်ဆိုတဲ့အကြောင်းပြချက်လေးရှိဦးမယ်