လွမ်းစေသော ..... Part 20
Krist Pov:
အပြင်မှာမိုးတွေသည်းကြီးမဲကြီးရွာနေသည် . ဒီနေ့
P' က အလုပ်ကိစ္စနဲ့ ခရီးထွက်သွားသည် မေမေ့ကိုလည်း မေမေ့ခြေထောက်ကိုအဲ့ဒီကဆရာဝန်နဲ့ ပြဖို့တစ်ခါတည်းခေါ်သွားတာကြောင့် အိမ်မှာအိမ်တော်ထိန် Lee နဲ့ အလုပ်သမားတွေရယ်
ကျွန်တော်ရယ်သာကျန်သည် .အခန်းရဲ့မှန်ပြတင်းပေါက်မှာရပ်ပြီး မိုးစက်တွေကို ငေးနေမိသည် .မှန်ပိတ်ထားတာကြောင့် မိုးစက်တွေက မှန်ကိုထိကာအောက်ကို လျောကျ ကုန်ဧ။် မှန်ကို ရေစက်တွေထိတာများလာတော့ အငွေ့ရိုက်ကာ အပြင်ကိုမှုန်ဝါးဝါးသာမြင်ရတော့သည်
မှန်တောင်မိုးစက်တွေထိတာများလာတော့ အငွေ့ရိုက်ပြီး မှုန်ဝါးလာခဲ့ပေမဲ့ P' ရဲ့လျစ်လျူ ရှုမှုတွေအောက်မှာ ကျွန်တော့်အချစ်တွေ ကတော့ မှုန်ဝါးမှု မရှိခဲ့ပါဘူး ဒါကို ချစ်ရတဲ့ P'တစ်ယောက်သိစေချင်လှသည်အခုလိုမိုးရွာရင် လွမ်းစရာမရှိရင်တောင် ရှာကြံလွမ်းတတ်ကြသတဲ့ ကျွန်တော့်လိုလူအတွက်ကတော့ ပြောစရာပင်မလို
အတူရှိနေရက်နဲ့တောင်လွမ်းခဲ့ရတဲ့ သူကိုအခုလည်း လွမ်းနေပါတယ် အနည်းဆုံးတော့ဝေးနေလို့လွမ်းတယ်ဆိုတဲ့ အကြောင်းပြချက်လေးတော့ရှိတာပေါ့ မိုးစက်တွေက ကျွန်တော်လွမ်းဖို့များအငြိုးနဲ့ရွာနေသလားမသိ ပါးပြင်ပေါ်ကစိုစွတ်စွတ် အထိအတွေ့ကြောင့် စမ်းကြည့်မိတော့ ကျွန်တော့်မျက်ဝန်းထဲကတိမ်တိုက်တွေကလည်း အပြင်ကမိုးနဲ့အပြိုင်ရွာနေမှန်း သိလိုက်သည် အဲ့ဒီမျက်ရည်တွေနဲ့အတူ အတိတ်ဆီကိုကျွန်တော်စိတ်တွေ ရောက်ရှိနေပြန်ပါပြီကျောင်းမှာ Krist ကိုစိတ်ဝင်စားနေတဲ့ စီနီယာ Forth .သွားလေရာတကောက်ကောက်လိုက်တတ်ပြီး တစ်ခါတစ်လေအခန်းဝမှာလာစောင့်တတ်တဲ့အခါလည်းရှိသည် သူကြိုက်နေတဲ့အကြောင်းလည်း ဖွင့်ပြောဖူးသည် ဒါပေမဲ့ Krist ကယောကျာ်းလေးတွေကိုမကြိုက်ဘူးလို့ ငြင်းခဲ့သည် တစ်ရက် Krist တို့သူငယ်ချင်းလေးယောက် ကားစောင့်နေတုန်း သူ့ကားလေးရပ်လာကာ
Forth >>> Krist တို့အိမ်ပြန်မို့ မဟုတ်လား .ကိုယ်လိုက်ပို့ပါရစေ
BẠN ĐANG ĐỌC
လွမ်းစေသော...... (COMPLETE)
Fanfictionမြင်နေရက်နဲ့ လွမ်းနေရတာထက်စာရင် အဝေးမှာနေတာကမှ ဝေးနေလို့လွမ်းပါတယ်ဆိုတဲ့အကြောင်းပြချက်လေးရှိဦးမယ်