လွမ်းစေသော...... Part 2

2.1K 103 1
                                    

Krist Pov:
        လွယ်အိတ်ကိုတင်းတင်းဆုပ်ရင်း ခေါင်းလေးငုံ့လျှက် တိတ်ဆိတ်စွာစဉ်စားနေမိသည် ဘာတွေများဆွေးနွေးစရာရှိနေသည်ကိုတွေးမရ ။တွေးမရလေ......သိချင်လေ

Krist >>>လိုက်တော့လိုက်ချင်ပါတယ် ဒါပေမဲ့ တစ်ခါမှမသိဘူးတဲ့သူဖြစ်နေတော့

Woman >>> ညနေခြောက်နာရီမထိုးခင် N ' နေတဲ့တိုက်ခန်းကိုပြန်ပို့ပေးမယ်လို့လည်းမှာလိုက်ပါတယ်

Krist >>> ဟင်...သူကကျွန်တော်တိုက်ခန်းကိုသိတယ်

Woman >>> ဟုတ်ကဲ့

Krist ပါးစပ်ကိုလက်ဖြင့်အုပ်ကာအံ့သြတွေဝေသွားရပြန်ပါသည်

Woman >>>N' အဲ့ဒီ့ဟိုကိုရောက်လို့  သခင်နဲ့တွေ့တဲ့အခါ စကားပြောချင်စိတ်မရှိဘူးဆိုရင်လည်း
ခက်ချင်းပြန်ပို့ပေးပါ့မယ် မိုးလည်းနည်းနည်းသည်းလာပြီ
ကားထဲကိုကြွပါ

Krist အနည်းငယ်စဉ်းစားလိုက်ကာ
" OK လိုက်ခဲ့ပါ့မယ် ဒါပေမဲ့ ဒီကားနဲ့တော့မလိုက်ချင်ဘူး ဒီကားကရှေ့ကသွား ကျွန်တော်ကနောက်က Taxi
နဲ့လိုက်ခဲ့ပါ့မယ် "

Woman >>>သဘောပါ လိုက်လာခဲ့ဖို့သာအဓိကပါ

အမျိုးသမီးကရပ်နေရာမှလမ်းမဘက်သို့လှည့်ကာကားတစ်စီးကိုတားလိုက်သည်

Woman >>>ဟိုကရပ်ထားတဲ့ကားနောက်ကနေလိုက်ခဲ့ပေးပါ ရောက်မှကျသင့်ငွေရှင်းပေးပါ့မယ်

Krist Pov:
      သူတို့ကားအနောက်မှ ကျွန်တော်စီးတဲ့ကားကလိုက်ပါလာခဲ့သည် ဘာကြောင့်မှန်းမသ်ကျွန်တော်စိတ်တွေလှုပ်ရှားနေသည် လိုက်ခဲ့မိတာ မှန်သလား မှားသလား ဝေခွဲမရ
တစ်ခါမှ.မသိဘူးတဲ့အိမ်ကိုဒီလိုလွယ်လွယ်နဲ့လိုက်ခဲ့ရသလား ကိုယ့်ကိုယ်ကိုကျိန်ဆဲမိသည် ဟိုရာက်မှအန္တရာယ်ရှိလာခဲ့ရင်ရော တွေးရင်းကြောက်လာမိဧ။်  ဘာကြောင့်မှန်းမသိ ထိုအမျိုးသမီးရော သခင်ဆိုသောသူကိုရောစိတ်ထဲမှယုံကြည်နေမိသည် ။ ငယ်ငယ်ကတည်းက မိဘမဲ့ခဲ့သောသူသည် အရာရာကို ကိုယ့်အားကိုယ်ကိုးသည် လက်တွေ့ဆန်သည် P' Earth ပင်လျှင် တစ်ခါတစ်ခါကျွန်တော့်ကို " နင့်ကိုတော့အံ့တယ် " ဟု ဂရုနာဒေါသောဖြင့်ပြောတတ်သေးဧ။် တစ်ခါတစ်ခါ ကျွန်တော့်ဧ။်လက်တွေ့ဆန်မှုကို
P' Kong ကပင်လန့်သည်ဆိုပဲ တွေးရင်းသူ့အကြောင်းပါလာတော့ ခေါင်းကိုရမ်းပြီး စိတ်ကိုအေးအေးထားနိုင်အောင်ကြိုးစားမိသည် သို့သော်ရင်တွေကတော့တဒိတ်ဒိတ်ခုန်နေသည် ။

လွမ်းစေသော...... (COMPLETE)Donde viven las historias. Descúbrelo ahora