လွမ်းစေသော....... part 5
Krist Pov:
P' Earth တို့ကားထွက်သွားတာနဲ့ ခြံထဲပြန်ဝင်ခဲ့သည် .P' တို့ကတော့ ဒီညခြံထဲမှာဝိုင်းဖွဲ့ကြမည့်ပုံပါပဲ .သူတို့ဝိုင်းထဲမသွားချင်တာနဲ့အိမ်ကြီးဆီလျှောက်လာခဲ့သည် .မရင်းနှီးတဲ့ဒီအိမ်ကြီးပေါ်ကိုတတ်ရမှာ အဖော်မဲ့နေသလိုခံစားရသည် .ဘာမှစဉ်းစားမနေဘဲ သက်ပြင်းကိုသာချရင်း အပေါ်တတ်ခဲ့ပြီးပြန်တော့
အခန်းထဲဝင်ဖို့ခြေလှမ်းတုံ့ရပြန်ပါသည် .တံခါးလက်ကိုင်ဘုကိုအသာအယာလှည့်၍အခန်းထဲကိုမရဲတရဲလှမ်းဝင်လိုက်သည် .ဖြူဆွတ်ဆွတ်ဇာတွေနဲ့အလှဆင်ထားတဲ့အခန်းပါပဲ .ပန်းနုရောင်ဆင်ယင်ထားသောကုတင်ကိုလှမ်းအမြင်မှာ krist ခြေလှမ်းတွေရပ်တန့်သွားရသည်.ခုတင်ကနှစ်လုံး.တစ်ယောက်အိပ်ကုတင်နှစ်လုံးကိုကြည့်ရင်းရင်ထဲမှာနာကျင်သွားရသည် .ဒါကဘယ်လိုထည်ဝါမှုမျိုးပါလိမ့် P' ရယ် .ကုတင်နှစ်ခုကိုကျောခိုင်းကာရေချိုးခန်းထဲသို့သာဝင်လိုက်သည် .ရေချိုးပြီးအင်္ကျီဝတ်ဖို့ဗီရိုကိုဖွင့်လိုက်တော့ ကိုယ့်အင်္ကျီမဟုတ်တာတွေကိုပါတွေ့ရသည် .P' ၀ယ်ထည့်ပေးထားတာဖြစ်မည် ဆိုသောအတွေးကြောင့်နှုတ်ခမ်းမှာပြုံးရိပ်ထင်သည် .အားလုံးပြီးသွားသည့်အချိန်ထိ P' ကတတ်မလာသေးတာကြောင့်ကုတင်နှစ်လုံးထဲကဘယ်ဘက်ကုတင်ပေါ်ကို တတ်ကာထိုင်လိုက်ပြီးအခန်းထဲကိုသေချာကြည့်မိသည် နဂိုဘ၀နှင့်အရမ်းကိုဝေးကွာလွန်းတဲ့အခြေအနေတစ်ခုပါပဲ အမြဲတမ်းကိုယ်ကသာမုန့်ဝယ်ကျွေးခဲ့ရသောသူက ဒီအခြေအနေဆိုတာအခုထိစိတ်ထဲနေသားမကျသေး P' နဲ့မင်္ဂလာပွဲကိုဆင်နွှဲခွင့်ရသော်လည်း မပျော်ရဲပါ ချစ်ခဲ့စဉ်ကတည်းကအတူတူနေရဖို့ မမှန်းဆရဲပေမဲ့ စိတ်ကူးတော့ယဉ်ခဲ့မိတာအမှန် .ဒါပေမဲ့ စိတ်ကူးထဲကအခြေအနေတွေနဲ့ တကယ့်လက်တွေ့ကအလွန်ပင်ကွာခြားလွန်းလှသည် .ပြန်တွေ့ကြသည့်အခါကတည်းက အရာအားလုံးသည် ထူးဆန်းစွာပြောင်းလဲသွားခဲ့သည် .ကုတင်ပေါ်လှဲချလိုက်သော်လည်းအိပ်မပျော်နိုင် .
"လာပါတော့ P' ရယ်... ဘာကိုများစိတ်ဆိုးနေရတာလဲ " တတွတ်တွတ်ရွတ်ရင်းငိုချင်လာသည် အားပေးနှစ်သိမ့်မည်လူမရှိပါပဲ တော်တော်ကြာကြာငိုမိသည် .ဘယ်လိုအိပ်ပျော်သွားမှန်းမသိ လှုပ်ရှားသံတစ်ချို့ကြောင့်နိုးလာတော့ P' ဖြစ်နေသည်
ŞİMDİ OKUDUĞUN
လွမ်းစေသော...... (COMPLETE)
Hayran Kurguမြင်နေရက်နဲ့ လွမ်းနေရတာထက်စာရင် အဝေးမှာနေတာကမှ ဝေးနေလို့လွမ်းပါတယ်ဆိုတဲ့အကြောင်းပြချက်လေးရှိဦးမယ်