လွမ်းစေသော...... part 1

4.6K 124 6
                                    

    မိုးခြိမ်းသံကြားလိုက်ရတာမို့ မိုးပေါ်မော့ကြည့်လျှက်သားဖြစ်သွားတယ်။ ကောင်းကင်ကရုတ်တရတ် ညို့မှိုင်းလာနေတယ် လက်ထဲမှာကိုင်ထားတဲ့စာအုပ်တွေကိုလွယ်အိတ်ထဲထိုးထည့်လိုက်ရင်း အိတ်ထဲမှထီးအနီလေးကိုထုတ်နေတုန်းမှာ မိုးဖွားလေးတွေကျလာနေပြီ 

     " စာအုပ်တွေပေး ထီးလည်းပေး ကိုယ့်လက်ကိုင်လိုက်
       ဒီဘက်တိုး "

အနားနားကပ်ကာပြောသံကိုကြားလိုက်ရင်းကြက်သီးတွေပင်ထလာရသည်။မျှော်လင့်ချက် တစ်စွန်းတစ်စနဲ့  ဘေးဘက်ကိုလှည့်ကြည့်မိတော့လည်း မည်သူတစ်ဦးတစ်ယောက်ကိုမှမတွေ့ ။ ဘယ်သူမှသတိမထားမိသော်လည်း ကိုယ့်ကိုယ်ကို ရှက်စိတ်ကြောင့် ခေါင်းလေးပင်ငုံ့မိသွားသည်အထိပင်
နှုတ်ခမ်းကိုဖိကိုက်ကာအံကြိတ်ဖို့ကြိုးစားပါသော်လည်း
မျက်လုံးထဲမြင်ယောင်မိသော ပုံရိပ်တစ်ခုကိုမတားသာမဆီးသာလွမ်းမိ၍ မျက်ရည်များပင်ဝဲတတ်လာခဲ့သည် ။ ရုတ်တရတ်ပျောက်သွားတဲ့သူ သတင်းစုံစမ်းဖို့နေနေသာသာ သူ့လိပ်စာ သူကဘာ သူ့မိဘကဘယ်သူဘယ်ဝါဆိုတာတောင်မသိရ P' Kong လို့ခေါ်စရာနာမည်လေးတစ်ခုသာသိခွင့်
ရခဲ့သူပါ။
         " မင်းကိုကအယုံလွယ်လွန်းတာ " လို့သူငယ်ချင်းတွေပြောလည်းပြောချင်စရာပါ သူ့နာမည်ကပင် အမှန်ဟုတ် မဟုတ်သူဘာမှရေရေရာရာမသိ ရုတ်တရတ်ပျောက်သွားတဲ့ ပျောက်ဆုံးနေသူကို ဆင်ကန်းတောတိုးချစ်ခဲ့ဖူးတာတော့အိမ်မက်တစ်ခုလိုပါပဲ ။ မိုးလင်းလျှင်အိမ်သို့ရောက်လာတတ်ခါ ကျောင်းသွား ကျောင်းပြန် အမြဲတတွဲတွဲ ရှိခဲ့ဖူးတဲ့သူ့ကို
လွမ်းနေမိတာတော့ အမှန်ပင် နတ်မှောင်သောမျက်ဝန်းနက်တွေနဲ့ အမြတ်တနိုးကြည့်တတ်သော ဘယ်သွားသွားအမြဲဘေးကရှိနေတတ်သူ ညမိုးချုပ်မှ ဘယ်မှာမှန်းမသိသောအိမ်ကိုတစ်ယောက်တည်းပြန်သွားတတ်တဲ့ P ' ရယ်ပါ ။
သူရောက်မလာခဲ့တာ 1လလောက်ပင်ရှိတော့မည် ။ ပြန်လာမှာလား မလာဘူးလား ဒါလည်းမသေချာ ဘယ်သွားရှာရမှန်းမသိသောသူ့ကိုစိတ်ပူမိသည် မတွေ့ရတဲ့အတောအတွင်း လွမ်းလို့မျက်ရည်ကျမိတာ ဘယ်နှစ်ကြိမ်မှန်းတောင်မသိ သူနှင့်တူသောလူများတွေ့လျှင် သူဖြစ်လေးမလားဆိုတဲ့အတွေးနဲ့ လိုက်ကြည့်ရသည်မှာလည်းအမောပင်
အခုလည်း မိုးရွာတော့မယ်ဆိုတာနဲ့ ကားဂိတ်ကိုသုတ်ခြေတင်လျှောက်နေရင်းနှင့် သူ့ကိုလွမ်းမိပြန်သည်
ဘတ်စ်ကားစီးတိုင်း သူ့လက်ကိုမှီတွယ်စေခဲ့သောသူ
သူရော ကျွန်တော်လိုလွမ်းနေပါမည်လား သိချင်မိသည်
စကားတစ်ခွန်းကို စိတ်ထိခိုက်သွားပုံရပေမဲ့ ကျွန်တော့်ပြောတာ မှားမှမမှားဘဲ 
P' အပေါ်သံယောဇဉ်ရှိသော P' Earth ပင် P 'ကိုသတရတတ်သေးတာ ချစ်ခဲ့ရသော ကျွန်တော်ဆိုလျှင် စဉ်းစားသာကြည့်ပါတော့ သူငယ်ချင်းတွေအပြစ်တင်မှာဆိုးလို့
ဟန်ဆောင်နေရပေမဲ့ နှလုံးသားကတော့ တစ်စစီ ပဲ့ကြွေနေပါပြီ P' ရယ်
တစ်ယောက်တည်း တွေးကောင်းနေဆဲ ရှေ့မှာလာရပ်သော မီးခိုးရောင်ကားတစ်စီး ကာရှေ့ခန်းမှတံခါးဖွင့်ကာဆင်းလာသည့် အမျိုးသမီးတစ်ဦးကိုအမှတ်တမဲ့ကြည့်နေမိသည် ကြည့်နေရင်း ထိုအမျိုးသမီးက အနားရောက်လာကာ

လွမ်းစေသော...... (COMPLETE)Donde viven las historias. Descúbrelo ahora