လွမ်းစေသော..... Part 25

1.5K 77 0
                                    

လွမ်းစေသော ..... Part  25

       Sing pov: 

            Hotel ပြန်ရောက်တာနဲ့ Krist ဖုန်းကိုခေါ်ပေမဲ့ ဖုန်းမကိုင်တာနဲ့ အိမ်ဖုန်းကိုခေါ်ဖို့ ပြင်နေတုန်း  ဖုန်းဝင်လာလို့ကြည်လိုက်တော့အိမ်တော်ထိန်း Lee

Sing >>> hello

Lee >>> သခင်လေး
အိမ်တော်ထိန်းရဲ့အသံက တစ်ခုခုကိုစိုးရိမ်နေပုံရသည်

Sing >>> krist ဘာဖြစ်လို့လဲ
Sing စိုးရိမ်ကြီးစွာမေးလိုက်သည်

Lee >>> krist လေး ဘာမှမဖြစ်ပါဘူး .အခုလေးတင်ဆေးသောက်ပြီးပြန်မှိန်းသွားတာ ခဏကြာရင်ပြန်နှိုးဖို့မှာထားပါတယ်
ပြီးတော့........ သခင်လေးတို့ဓာတ်ပုံတွေကိုမြင်သွားတယ်ထင်တယ် အဲ့ဒါကြောင့်းသူအခုလိုဖြစ်သွားတာဖြစ်မယ်

Sing >>> ဟင် ဘာဓာတ်ပုံ...

Lee >>> စာချုပ်နဲ့တွဲထည့်ထားတဲ့ ဟိုမိန်းကလေးနဲ့ပုံတွေကိုပြောတာပါ သခင်လေး အ၀တ်လဲခန်းထဲကို ၀င်ရှင်းတော့ ဓာတ်ပုံနဲ့ စာချုပ်အပြင်မှာ ပြုတ်ကျနေတာ........... ...........

သူဖုန်းကိုင်ထားရက်နဲ့ပင် ကြောက်ရုပ်တစ်ခုလို တစ်ချက်မှမလှုပ်ဘဲငြိမ်သက်နေမိသည် အိမ်တော်ထိန်းသူ့ကိုဘာတွေဆက်ပြော
ပြီး ဘယ်အချိန်ဖုန်းချသွားလည်းဆိုတာမသိလောက်အောင် သူ့ရုပ်နဲ့ နာမ် တဒင်္ဂကွဲကွာသွားသည် တကယ်ဆိုသူ့အမှား အဲ့ဒီ့စာချုပ် ကိုအပေါ်ဆုံးမှာတွေ့ကတည်းက သူနေရာပြောင်းသင့်တာ ဘာလို့အဲ့လောက်အမှုမဲ့အမှတ်မဲ့နေခဲ့သလဲ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်မိသည် Krist တွေ့သွားတာလို့ထင်မိပေမဲ့ တွေ့ခဲ့ရင်လာမေးမှာပဲလို့ထင်မိတာကြောင့် အောက်ဆုံးပြန်ရွေ့ပြီးသာသူထားခဲ့တာဓာတ်ပုံတွေထည့်ထားတဲ့အိတ်ကိုလည်း သူကိုယ်တိုင်အဲ့ဖိုင်ထဲပြောင်း ထည့်ခဲ့တာ

Sing ရပ်နေတဲ့နေရာမှာပင်ခြေပစ်လက်ပစ်ထိုင် ချလိုက်ကာခေါင်းငိုက်စိုက်ကျဧ။် သူ့ဘ၀မှာဒီလိုမသပ်မရပ်အပြုအမူမျိုးလုပ်မိတာ ဒါပထမဆုံး Krist သိသွားပြီ ခွင့်လွတ်သလား .ခွင့်မလွတ်ဘူးလား အဖြစ်မှန်ကိုပြောပြရင်ရော ယုံကြည်ပါ့မလား သူ့ခေါင်းထဲမေးခွန်းတွေနဲ့သာ ပြည့်နှက်နေသည် အဲ့ဒီထက်ဆိုးတာက Krist
ထွက်သွားခဲ့ရင်ဆိုတဲ့အတွေး တွေးမိတော့လူကဆောက်တည်ရာမရ ရင်ထဲမှာတင်းကျပ်နေတာက ပေါက်ကွဲထွက်မတတ်ပင်။ ဒေါသထွက်တာရော ယူကြုံးမရတာရောပေါင်းပြီး အသားတွေတောင်တုန်ချင်လာသည် မနက်ဖြန်ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ထိုင်းကိုပြန်မှဖြစ်တော့မည်

လွမ်းစေသော...... (COMPLETE)Donde viven las historias. Descúbrelo ahora