လွမ်းစေသော..... Part 22
မနက်က ကျွန်တော်တို့အိမ်ကထွက်လာတော့ Krist ကကျောင်းသွားပြီဖြစ်တာကြောင့် သေချာမနှုတ်ဆက်ခဲ့ရ ရောက်ကတည်းက အလုပ်ကိစ္စတွေနဲ့ရှုတ်နေတာကြောင့် ဖုန်းတောင်မဆက်ဖြစ် ရေမိုးချိုးပြီး အမေနဲ့အတူညနေစာစားပြီး နာရီကြည့်လိုက်တော့ ည 7:00 မေမေ့ကို အခန်းထဲလိုက်ပို့ ပြီးတော့ စကားပြောဖြစ်ကြသည်
Sing Mar >>> Top ရောသား ဘာလို့မလာတာလဲ
Sing >>> သူနားချင်ပြီတဲ့ မစားတော့ဘူး အိပ်တော့မယ်တဲ့ ရောက်ရောက်ချင်း အလုပ်ပါဆက်လုပ်လိုက်ရတော့ ပင်ပန်းသွားတယ်ထင်တယ်
Sing Mar >>> အလုပ်ကိစ္စကရောအဆင်ပြေရဲ့လား
Sing >>> ဟုတ်ပြေတယ်မေမေ မနက်ဖြန်စာချုပ်မှာလက်မှတ်ထိုးပြီးရင်ပြီးပြီ မနက်ဖြန်ညနေမေမေ့ကို ဆရာဝန်နဲ့ပြဖို့လည်း
စီစဉ်ပြီးပြီSing's Mar >>> ဒါနဲ့သား Krist လေးဆီ ဖုန်းဆက်သေးလား
Sing >>> မဆက်ရသေးဘူးမေမေ အခန်းထဲပြန်ရောက်ရင်
ဆက်လိုက်မယ်Sing's Mar >>> မေမေဆက်တုန်းက ကျောင်းမှာပဲရှိသေးတယ်တဲ့ မေမေ့ကိုတောင် ဒီကရာသီဥတုကအေးလို့ နွေးနွေးထွေးထွေးနေဖို့ မှာနေသေးတာ
မေမေ့က Krist အကြောင်းကို ကျေနပ်နှစ်သက်သော အပြုံးမျိုးနဲ့
ပြောနေသည် ဟုတ်ပါတယ်kit က တကယ့်ကို ချစ်မွှေးပါတာ သူကိုမြင်ပြီးရင် ဘယ်သူမှမချစ်ဘဲနေနိုင်မှမဟုတ် အိကျိအိကျိ ပါးဖောင်းဖောင်းလေးရယ် ဆံပင်ပျော့ပျော့အိအိလေးကအရှေ့ကိုဝဲကျနေတာက သက်ရှိအရုပ်လေးအတိုင်းပင်Sing's Mar >>> သားလည်းပင်ပန်းနေရောပေါ့ သွားနားတော့လေ
Sing >>> ဟုတ် မေမေ ဒါဆိုသားသွားနားတော့မယ် good night
Sing's Mar >>> good night သား မေမေ့ကိုနှူတ်ဆက်ပြီး ကိုယ့်အခန်းဘက်ပြန်ကူးခဲ့လိုက်သည် အခန်းထဲရောက်ရောက်ချင်းပဲ Krist ဆီဖုန်းလှမ်းဆက်လိုက်သည် ဝေးနေမှ ဖုန်းဝင်နေတဲ့ တူ တူ ဆိုတဲ့အသံကတောင် ရင်ခုန်စေသည် ဖုန်းသံသာဆုံးသွားတယ်ဖုန်းကမကိုင်
Sing >>> ကျစ် ...ဘာလုပ်နေလို့ဖုန်းကို ချက်ချင်းမကိုင်နိုင်ရတာလဲ
နောက်တစ်ခါပြန်ခေါ်တော့Krist >>> Hello P'
Sing >>> ဖုန်းခေါ်နေတာဘာလို့မကိုင်လဲ
Krist >>> ရေချိုးနေလို့
Sing >>> ညနေကတည်းကပြန်ရောက်တာမဟုတ်ဘူးလား အခုမှရေချိုးရလား
Krist >>> ၅နာရီတောင်မခွဲသေးတာကို
Sing >>> sorry အချိန်မတူတာကိုမေ့သွားတယ်
Sing pov:
တကယ်ဆိုကျွန်တော်သူ့ကိုပြောချင်တာတွေအများကြီးပါ ဒါပေမဲ့ အခုလို ကျပြန်တော့ပြောစရာစကားတွေကပျောက်ရှနေပြန်သည်
Krist >>> Hello ! Hello P' , Hello ဖုန်းကျသွားတာလား Hello
Sing >>> Hello
Krist >>> အာ ဖုန်းကျ သွားတယ်ထင်နေတာ
Sing >>> အင်း ... Krist
Krist >>> ဗျာ
Sing >>> ငါမင်းကို ပြောစရာရှိတယ်
Krist >>> ဟုတ် ပြောပါ
Sing >>> အခုတော့မဟုတ်သေးဘူး ငါပြန်ရောက်မှ ငါတို့ဆွေးနွေးဖို့လိုတယ်ထင်လို့
Krist >>> ဟုတ်
Sing >>> အဲ့ဒါဆို ဒါပဲနော် ပြန်လာမှဆက်ပြောကြတာပေါ့
မနက်ဖြန်စားမေးပွဲဖြေရမှာမလား စာသေချာလုပ်ဦး စောစောအိပ်Krist pov:
ဖုန်းချသွားတဲ့အထိကျွန်တော်ရင်ခုန်နေတုန်းပဲ လက်ထပ်ပြီးကတည်း P' စကားကိုချိုချိုသာသာပြောတာဒါပထမဆုံးပဲမလား ကျွန်တော့်စာမေးပွဲရက်ကိုတောင်သိတယ်ဆိုရင် သူကျွန်တော့်ကိုဒီကြားထဲဂရုစိုက်ခဲ့တယ်ပေါ့ ဒီညတော့ညစာမစားပဲဗိုက်ပြည့်နေပြီထင်ပါရဲ့
ŞİMDİ OKUDUĞUN
လွမ်းစေသော...... (COMPLETE)
Hayran Kurguမြင်နေရက်နဲ့ လွမ်းနေရတာထက်စာရင် အဝေးမှာနေတာကမှ ဝေးနေလို့လွမ်းပါတယ်ဆိုတဲ့အကြောင်းပြချက်လေးရှိဦးမယ်