ကျွန်တော့အကြောင်း

4.8K 306 1
                                    

ဒီနောက်ပိုင်းတော့ ကျွန်တော်သူ့ကို ကျောင်းရဲ့နေရာတော်တော်များများမှာ တွေ့လာရသလိုပဲ။ ဒါက တော်တော်ကို ထူးဆန်းနေတယ်။

အခုတော့ ကျွန်တော်သူ့နာမည်နဲ့ သူ့အကြောင်းတစ်ချို့ကို ကျွန်တော့ အတန်းဖော်တွေဆီကနေသိခွင့်ရခဲ့တယ်လေ။ သူ့ကိုစွဲလမ်းနေတဲ့ Gay တွေတော်တော်များတာပဲ။ ကျွန်တော့သူငယ်ချင်းကတော့ ပြောတယ် သူကတကယ် အန္တရာယ်များတဲ့ကောင်တဲ့။ အဲ့ဒါကိုတော့ ကျွန်တော်သိပြီးသားပါ သူ့ရဲ့ French Kiss ကနေလေ။..အဲ့ဒါကိုတွေးလိုက်မိတာနဲ့ ကျွန်တော်ရှက်သွေးဖြာနေမိတယ်။..

ကျွန်တော်အခု ခင်ဗျားတို့ကို ပြောပြစရာရှိတယ်။ ကြွားတာတော့ မဟုတ်ပါဘူး. ပြဇာတ်ကပြီးတဲ့နောက် ကျွန်တော်အရမ်းpopularဖြစ်လာတယ်ရော။..အခုဆိုကျွန်တော်က ကျွန်တော်မသိတဲ့ ယောကျာ်းလေးတွေရဲ့ ပစ်မှတ်တစ်ခုဖြစ်လာတယ်။ ဒါက အရမ်းအန္တရာယ်များသလို ကြောက်စရာလည်းကောင်းတယ်။ 

Ah..ကျွန်တော်ခင်ဗျားတို့ကို သူ့နာမည်မပြောပြရသေးဘူးပဲ။ ကျွန်တော် ဟိုတစ်နေ့က Section 5က ကောင်တစ်ကောင်ရဲ့ rape ခံရလိုဖြစ်သွားသေးတယ်။ အဲ့ကောင် ကျွန်တော့တင်ပါးကို ကိုင်တော့မဲ့အချိန်မှာ Keita Mashihiroရောက်လာတယ်။ အဲ့ဒါသူ့နာမည်လေ။ ကျွန်တော်အရမ်းကို ကြောက်နေခဲ့တာ။

နောက်ပိုင်းတော့ Mashihiroနဲ့ ကျွန်တော့ကြားမှာ ဆက်ဆံရေးက တိုးတက်လာသလိုပဲ။ Saki ကတော့ သဝန်တိုနေတယ်။ ကျောင်းဆင်းချိန်မှာ သူနဲ့ ကျွန်တော့အကြိုက်ဆုံး စားသောက်ဆိုင်မှာ နှစ်ယောက်တည်း Barbecue သွားစားလို့လေ။ ဒါပေမယ့် ကျွန်တော့ကို ကယ်တဲ့ အကြွေးကိုတော့ ဆပ်ရမယ်မလား။

ကျွန်တော့မှာ အချစ်ဆုံးသူငယ်ချင်း ၃ယောက်ရှိတယ်။ ကျွန်တော့ရဲ့ အခန်းဖော်Saki Himoriရယ် ကျွန်တော်တို့ မျက်နှာချင်းဆိုင်အခန်းက Tskeru Yuutomi နဲ့ Natsume Boothတို့ပေါ့ ။ Natsume က ကပြားတစ်ယောက်ဖြစ်ပြီး Tskeru က yakuzaမိသားစုကလေ။ သူတို့နှစ်ယောက်လုံးက ရင်သားကြီးကြီးအမျိုးသမီးတွေကို အရူးအမူးဖြစ်တဲ့ ကောင်တွေပေါ့။ Saki ကတော့ သာမန် Japanမိသားစုတစ်စုကပါ။ သူ့မှာအစ်ကို ၄ယောက်နဲ့ အစ်မတစ်ယောက်ရှိတယ်။ ပြီးတော့ သူက gay တစ်ယောက်လေ။

ကျွန်တော်ကတော့ အလယ်အလတ်လူတန်းစားတစ်ယောက်ပါ။ ကျွန်တော်မမွေးခင်က ကျွန်တော့အမေက yakuzaခေါင်းဆောင်ဟောင်းတစ်ယောက်ဖြစ်ခဲ့ဖူးပြီး အဖေက bar တစ်ခုရဲ့ပိုင်ရှင်လေ။ ဒါကြောင့် အမေကအလုပ်ကောင်းကောင်းရှာမရဘဲ အိမ်ရှင်မတစ်ယောက်အနေနဲ့ပဲ နေတော့တယ်။ ကျွန်တော့အဖေကလည်း အခုတော့ သာမန်ရုံးဝန်ထမ်းအလုပ်ပဲ လုပ်တော့တယ်လေ။ ကျွန်တော်တို့ အခုနေတဲ့ တိုက်ခန်းမှာနေရဖို့ အမေက ငိုပြီးတောင်းဆိုခဲ့ရတာ။ Yakuza မိသားစုက ဒါကိုသဘောမကျဘူးလေ။ သူတို့ပြောတာက ကျွန်တော်က ကျွန်တော့ အစ်ကိုတစ်ဝမ်းကွဲကို အနိုင်ယူပြီး Yakuza ခေါင်းဆောင်တစ်ယောက်ဖြစ်လာမှာတဲ့။ ကျွန်တော်ကတော့ ကျွန်တော့ အစ်ကိုတစ်ဝမ်းကွဲကို အနိုင်ရစေချင်တယ်။ ကျွန်တော်က သာမန်ဘ၀ကိုပဲ လိုချင်လို့ပါ။




ကျွန်တော်နဲ့ RomeoOnde histórias criam vida. Descubra agora