Date ????

3.9K 290 9
                                    

Saki: 'Hiroto!?'

Saki ကျွန်တော့ကို ရေချိုးခန်းထဲက လှမ်းခေါ်တာ ကြားလိုက်တယ်။

Hiroto: ' ဘာတုန်း'

Saki: 'မင်းတော့သေပြီ Hiroto ငါဘာရှာတွေ့ထားလဲ လာကြည့်?'

သေစမ်း...ဒီကောင် ကျွန်တော်ဖွက်ထားတဲ့ Test Result ကို ရှာတွေ့သွားတာနေမှာ။ လခွမ်း..နှလုံးခုန်တာတောင်မြန်လာသလိုပဲ။...

ကျွန်တော် ရေချိုးခန်းထဲကို ပြေးသွားတော့ သူ ကျွန်တော့အမေဆီ Resultကို ဓာတ်ပုံရိုက်ပြီးတော့တောင် ပို့ပြီးပြီ။.. ဒီခွေးကောင်ဟာ...

Hiroto: 'ဘာလုပ်တာတုန်း? Saki မင်းဒါကို ပြန်ရှင်းပေး..မဟုတ်ရင် ငါမင်းဘဲကို မင်းရဲ့ အရှုပ်တွေအကြောင်းပြောပြလိုက်မှာနော်' ကျွန်တော်သူ့ကို နံရံဆီ ဖိကပ်ရင်းပြောလိုက်တယ်။ သူကျွန်တော့ကို ပြန်တွန်းထုတ်လိုက်တယ်။ ပြီးတော့...

Saki: 'Ok. Ok ငါမင်းအမေကို ဒါမင်းဟာမဟုတ်ဘူးလို့ပြောလိုက်မယ်လေ။ ငါသူ့ကိုစတာပါလို့။ ငါ့ဘဲကိုတော့သွားမပြောလိုက်နဲ့လေ..နော်..' Sakiက သူ့မျက်နှာကို သူ့လက်ဖဝါးနှစ်ဖက်ကြားမှာနှစ်ထားပြီးပြောလာတယ်။ ပြီးတော့ 'ငါက မင်းဘဝကို ကယ်ဖို့ ကြိုးစားနေတာ'တဲ့

အခုမှပဲ စိတ်အေးသွားတော့တယ်။ ကျွန်တော်အိပ်ယာဆီကိုသွားပြီး စိတ်ချလက်ချ အိပ်ပစ်လိုက်တော့တယ်။

-In the morning: Classroom

ကျွန်တော် ipod ကို နားကြပ်တပ်ပြီး ထိုင်နေလိုက်တယ်။ ကျွန်တော်အခု Saki ကို တော်တော်စိတ်တိုနေတယ်။ မနက်က အမေကျွန်တော့ကို ဖုန်းဆက်ပြီးဆူသွားတယ်လေ။...what the hell....

အဲ့ဒါကြောင့် ကျွန်တော်အခုအားလုံးကို လျစ်လျူရှုထားချင်တယ်။ ကျွန်တော်အိပ်ပျော်တော့မလို ဖြစ်သွားတဲ့အချိန် ဆရာစာသင်ခန်းထဲကိုဝင်လာတယ်။ အားလုံးကိုယ့်နေရာကို ဝင်ထိုင်လိုက်ကြတယ်။ ကျွန်တော် Keitaကို စာသင်ခန်းအပြင်မှာတွေ့လိုက်ရတယ်။ သူ့ကိုကြည့်ရတာ အခန်းထဲဝင်ဖို့ စောင့်နေသလိုပဲ။

Teacher: 'ကလေးတွေ..ကျောင်းတက်ခေါင်းလောင်းက မထိုးသေးဘူးဆိုတာ ဆရာသိပါတယ်။ ဒါပေမယ့် ဒီအခန်းကို အခုမှပြောင်းလာတဲ့ ကျောင်းသားသစ်ကို အားလုံးနဲ့ မိတ်ဆက်ပေးမလို့။ Keita Mashihiro ဝင်လာပြီး ကိုယ့်ကိုယ်ကို မိတ်ဆက်လိုက်ပါဦး။' ဆရာက စတိတ်ပေါ်က ဖယ်ပေးလိုက်တာနဲ့ သူစပြောတော့တယ်။

ကျွန်တော်နဲ့ RomeoDonde viven las historias. Descúbrelo ahora