ပြဇာတ်နဲ့ သရုပ်ဆောင်

11.4K 429 18
                                    

ကျွန်တော့ရဲ့ နှလုံးက ခုန်နေတာ ပေါက်ထွက်တော့မလိုပဲ။ ကျွန်တော့ ရင်ထဲမှာ ခံစားချက်တွေက လှိုင်းလုံးတွေလို ၀ုန်းဒိုင်းကြဲနေတယ်။ ကျွန်တော့ ခန္ဓာကိုယ်က တဆတ်ဆတ်တုန်နေပြီး လက်သီးတွေကို တင်းတင်းကြပ်ကြပ်ဆုပ်ထားမိတယ်။ အဲ့အကောင်က ကျောင်းပြဇာတ်မှာ ကျွန်တော့ နေရာကို ယူသွားတဲ့ကောင် ပြီးတော့ ကျွန်တော့ရဲ့ အထက်တန်းကျောင်းသားဘ၀ကို လာဖျက်ဆီးတဲ့ အကောင်။ ဒီတစ်ခါတော့ တကယ်ကို သွားပြီ။ ကျွန်တော့ရဲ့ မကျလာသေးတဲ့ မျက်ရည်တွေကို မှန်ထဲမှာမြင်နေရတယ်။

" ဘာဖြစ်တာလဲ? "...

ခင်ဗျားတို့ မှန်းကြည့်လေ.. သောက်ကျိုးနည်းး ကျွန်တော်က Juliet တဲ့.. ဒီနေရာကို ထောက်ခံပေးတာက အဲ့ ခွေးကောင်.. ကျွန်တော့စိတ်ထင် ကျွန်တော်မငြင်းနိုင်လိုက်ဘူးထင်တာပဲ။  ကျွန်တော်က အဲ့လိုပဲလေ.... ကျွန်တော်တို့လို ယောကျာ်းလေးကျောင်းတစ်ခုမှာ ပြဇာတ်ကတယ်ဆိုတာ ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဆေးခန်းကျဉ်းကျဉ်းလေးထဲမှာ အလုပ်မလုပ်ဘဲ လူကြားမရှောင် သူကြားမရှောင် ပလူးပလဲလုပ်နေတတ်တဲ့ ကျွန်တော်တို့ရဲ့ lesbian nurse နှစ်ယောက်ကလွဲရင် ကျွန်တော်တို့ ကျောင်းမှာရှိတာက အမျိုးသားတွေချည်းပဲလေ။.....

အမှန်အတိုင်းပြောရရင် ကျောင်းက အမျိုးသမီးဆရာမတွေကလည်း လိင်တူချစ်ကြိုက်သူတွေ များပါတယ်။ ကျောင်းက ဆရာတွေမှာ ၅၅%လောက်က အမျိုးသမီးတွေဖြစ်ပြီး ကျန်တာက အလုပ်ကလွဲရင် ကျန်တာ မသိတဲ့ အမျိုးသားတွေလေ.....

ကဲ .. အခု ကျွန်တော့ရဲ့ ရူးကြောင်ကြောင် အခြေအနေအကြောင်း စကားဆက်လိုက်ရအောင်...

ကျွန်တော်က ဒီကျောင်းကို လွန်ခဲ့တဲ့ ၃လကမှပြောင်းလာတဲ့ ပထမနှစ်ကျောင်းသားသစ်ပါ။ ကျွန်တော်ဟာ အပူအပင်မရှိဘဲ သူငယ်ချင်းတစ်ချို့နဲ့ အေးအေးဆေးဆေးနေနိုင်ခဲ့တယ်။ ဒါက ကျွန်တော့ကို ရုတ်တရက် ပြဇာတ်ရုံကို ဆွဲခေါ်သွားပြီး " ငါတို့ရဲ့ Juliet ကို ရှာတွေ့ပြီ" လို့ ကြေငြာလိုက်တဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ အကောင်နဲ့ မတိုက်မိခင်အထိပေါ့။  အဲ့အချိန်မှာ ကျွန်တော်က အလိုအလျောက်ပဲ ကျွန်တော့ရဲ့ Romeo နေရာ အတွက် ဖြေရမဲ့ audition ကနေ cancel ပြီးသား ဖြစ်သွားတယ်။...

ကျွန်တော်နဲ့ RomeoHikayelerin yaşadığı yer. Şimdi keşfedin