2

24.9K 1.3K 46
                                    

Zawgyi>>>

"အရှင်...သေလောက်တဲ့အပြစ်ကိုကျူးလွန်မိပါတယ်"

ကြမ်းပြင်နဲ့ခေါင်းကိုထိမတတ်ဦးညွှတ်ရင်း ကြောက်လန့်နေသော ထိုလူသား...

စစ်နတ်မင်း၏
ခန့်ညားလှသောမျက်နှာတွင် မဲ့ပြုံးတစ်ပွင့်ကခပ်ရေးရေးပေါ်ထွက်လာသည်..

"သေလောက်တဲ့အပြစ်တဲ့လား မောင်မင်း?ကိုယ်တော်ကအဲ့လိုမထင်ခဲ့ဘူး"

"အ...အရှင်..."

"ဒါကမင်းဆန္ဒဆိုရင်လဲဖြည့်ဆည်းပေးရမှာပေါ့"

ခေါင်းတစ်ချက်ငြိမ့်ကာ အသိပေးလိုက်ရုံနှင့်ရဲမက်တွေက ထိုလူကိုဆွဲခေါ်သွားကြသည်...

"အရှင်...ခွင့်လွှတ်ပေးတော်မူပါ!!ကျွန်တော်မျိုးမှားသွားပါတယ်!!အသက်ချမ်းသာပေးပါ"

ဆူညံစွာအော်ဟစ်နေသော ထိုလူသားကြောင့် စိတ်ပျက်စွာကြည့်နေမိသည်

"အဲ့လူရဲ့လျှာကိုဖြတ်ပစ်ပြီးမှ သတ်လိုက်"

ပြောရင်းလှည့်ထွက်သွားသော စစ်နတ်မင်း...တစ်နည်းအားဖြင့် ယွမ်အင်ပါယာရဲ့မင်းကြီးနောက်ကို အထိန်းတော်တွေလဲအပြေးလိုက်လာရသည်

စစ်နတ်မင်း...
သိပ်ရက်စက်ပါတယ်...

ညီလာခံကိုအနည်းငယ်လေး နောက်ကျသွားမိတဲ့လူကို ရက်ရက်စက်စက်သတ်နိုင်တာပဲ ကြည့်လေ...

အင်း...သူသိပ်သွေးအေးတယ်...

ဒါပေမဲ့ဘာလို့လဲ?

ပြည်သူတွေကိုအရမ်းချစ်ပြီး ကာကွယ်ပေးပါ့မယ်လို့ကတိအထပ်ထပ်ပေးနေတဲ့ မင်းကို ဘယ်ပြည်သူကကြောက်တဲ့ထုံးစံရှိသလဲ?

မင်းတစ်ပါးပဲ...
ပြည်သူတွေကိုချစ်တာပေါ့...
ဒါပေမဲ့အဲ့တာတွေကို ပါးစပ်ကဖော်မပြဘူး

ပြည်သူတွေကိုတကယ်ချစ်ရင် သူတို့ကိုစည်းကမ်းတကျနေဖို့သင်ပေးရတယ် သူတို့ကိုအန္တာရယ်ပြုလာမဲ့သူတွေကို ကိုယ်ကိုယ်တိုင်ကာကွယ်နိုင်ဖို့လေ့ကျင့်ပေးရတယ်

ရက်စက်တယ်?ဟုတ်ပါတယ် သူသိပ်ရက်စက်တယ်...

လူ ၁၀ ယောက်လောက်အသက်နဲ့ ယွမ်အင်ပါယာထဲမှာရှိတဲ့ လူတွေရဲ့အသက်ကိုလဲလှယ်ထားတာ...

~~အသုံးတော်ခံ~~Where stories live. Discover now