21

14.9K 1K 138
                                    

Zawgyi>>>

"ယွမ်အင်ပါယာအတွက် ထီးနန်းဆက်ခံသူ မရှိမဖြစ်လိုအပ်နေပါပြီ စစ်နတ်မင်း"

"ကျေးဇူးပြုပြီး တော်ဝင်သွေးကို ဆောင်ယူတော်မူပါ"

"မိဖုရားခေါင်နဲ့အတူ မင်းသားငယ်တစ်ပါးမွေးဖွားပေးဖို့ တောင်းဆိုပါတယ်ဧကရာဇ်"

"တိတ်ကြစမ်း!!"

တစ်မနက်လုံး ညီလာခံမှာဒါတွေပဲလျောက်တင်နေတာကြောင့် စစ်နတ်မင်းမျက်နှာဟာ အလွန်ခက်ထန်၍ မကျေနပ်မှုတို့ကအထင်းသား...

မိမိကိုယ်တိုင်လွန်ဆန်ချင်ပေမဲ့ အမတ်တွေအကုန်လုံးရဲ့ ထောက်ခံမှုရော ယွမ်အင်ပါယာအတွက်ရောက တော်ဝင်မင်းသားလိုအပ်နေသည်ကအမှန်...

စစ်နတ်မင်းကိုယ်တိုင်ကလဲ ကြင်ယာတော်ယောလ်လေးအဆောင်ကလွဲလို့ မည်သည့်မိဖုရားအဆောင်ကိုမျှ ခြေဦးမလှည့်ခဲ့ဖူးချေ...

အခုလိုရင်သွေးကိစ္စကတော့ ယောကျာ်းတစ်ယောက်ဖြစ်တဲ့ ကြင်ယာတော်ယောလ်လေးက ဘယ်လိုစွမ်းဆောင်ပေးနိုင်မည်နည်း

"ဒီကိစ္စကို ကိုယ်တော်စဉ်းစားဦးမှာမို့ ညီလာခံသိမ်းလို့ရပြီ"

စစ်နတ်မင်း ဝုန်းခနဲထထွက်သွားပြီးနောက် အမတ်ချုပ်ကြီး မျက်နှာမှာ မဲ့ပြုံးတစ်ပွင့်ထွက်လာခဲ့တော့သည်

ကြင်ယာတော်မင်းသားငယ် ဘယ်လောက်ပဲလှလှ မိန်းကလေးတစ်ယောက်ကို မမှီနိုင်တော့သည်ပဲ

မိမိ၏သမီးတော် ရှန်ဟီမိဖုရားလို ထက်မြက်သောအကြံဥာဏ်ရှိသူကြောင့် ဂုဏ်ယူမိသည်

မိန်းကလေးတစ်ယောက်ထက် ယောကျာ်းလေးကို
စစ်နတ်မင်းကရွေးချယ်မည်တဲ့လား...

*****************************

"အရှင်..."

မိမိဘေးသို့ရောက်လာသော ယောလ်လေးကို စစ်နတ်မင်းကြည့်ကာ သက်ပြင်းချလိုက်မိသည်

ယောလ်လေးရဲ့ မျက်ဝန်းဝိုင်းဝိုင်းလေးတွေဟာ သူ့ထံရှိမနေပဲ မျက်လွှာလေးအသာချကာ နှုတ်ခမ်းသားလေးကိုဖိကိုက်ထားလေရဲ့...

"ညီလာခံကအကြောင်းတွေ ယောလ်လေးကြားပါတယ် အရှင်"

"ယောလ်လေး..."

~~အသုံးတော်ခံ~~Where stories live. Discover now