22

14.2K 917 151
                                    

Zawgyi>>>

အဆောင်ထဲပြေးဝင်လာသည်နှင့် မွေ့ယာထက် အားပျော့စွာလဲလျောင်းနေသော ကိုယ်လုံးလေးကို တွေ့လိုက်ရသည်...

"ယောလ်လေး!"

ဖြူစွတ်ကာအားမရှိတော့သော မျက်နှာလေးနှင့်အတူ မှေးစင်းနေသောမျက်ဝန်းငယ်လေးတွေ...

စစ်နတ်မင်းနှလုံးသားတစ်ခုလုံး အစိတ်စိတ်ကွဲကြေသွားသလိုပင် ခံစားရပါသည်...

"ယောလ်...ယောလ်လေး... ဘာဖြစ်တာလဲ?!ဟမ်!ဘာကြောင့်ဒီလိုဖြစ်ရတာလဲ!"

ယောလ်လေးကိုစိတ်ပူမှုကြောင့် စစ်နတ်မင်းဘာကိုမှမမြင်တော့ပဲ ကမ္ဘာပျက်သလိုပင် ခံစားနေရတော့သည်...

အစေခံတွေထဲမှ ယောလ်လေးရဲ့အထိန်းတော်က မျက်ရည်အချို့ဖြင့် တောင်းပန်လာတယ်

"ကျွန်တော်မျိုးမတို့ပေါ့ဆမိတာပါ အရှင်...ကြင်..ကြင်ယာတော်မင်းသားငယ်က ဥယျာဉ်ထဲကပန်းလေးတွေနဲ့ကစားနေတုန်း ရုတ်တရပ်လဲကျသွားတာပါ...အ..အခုထိ သတိပြန်မရသေးပါဘူး"

"ဘာ..."

စစ်နတ်မင်းမျက်ခုံးများ ပင့်တက်သွားကာ မျက်နှာကလဲ ခက်ထန်စပြုလာချေပြီ...
စစ်နတ်မင်းဒေါသကို ကြောက်လွန်းလို့ ဘယ်သူမှမလှုပ်ရဲတော့ချေ...

"ယောလ်လေး ဘာဖြစ်တာလဲ သမားတော်...ကိုယ်တော့်ကိုအမြန်လျှောက်တင်စမ်း"

စစ်နတ်မင်းအမိန့်ကြောင့်
ယောလ်လေးအနားမှာထိုင်နေတဲ့ သမားတော်က ဒူးကိုထောက်ကာ ခေါင်းမဖော်ဝံ့ပဲ လျှောက်တင်ရတော့တယ်...

"ဂျပန်ကလာတဲ့အဆိပ်တစ်မျိုးပါအရှင်...ကြင်ယာတော်မင်းသားငယ်က အဲ့တာကိုရှုရှိုက်မိလို့ အ..အခုလို အဆိပ်မိသွားတာပါ...ခုနှစ်ရက်အတွင်းသာ အဆိပ်ဖြေဆေးမရဘူးဆိုရင် ကြင်ယာတော်မင်းသားလေးကို ဆုံး...ဆူံးရှုံးရပါလိမ့်မယ်အရှင်"

"ဘာ!အဲ့တာဆိုဘာလုပ်နေကြတာလဲ...အခုချက်ချင်းအဆိပ်ဖြေဆေးကို ဆောင်ယူခဲ့လေ"

"သည်းခံတော်မူပါအရှင်...ဒီအဆိပ်ကကမ္ဘာပေါ်မှာတစ်ခုသာရှိတာကြောင့် အဆိပ်ဖြေဆေးကလဲ...လုပ်..လုပ်ကြံသူဆီမှာသာ တစ်ခုထဲရှိနိုင်တာပါ"

~~အသုံးတော်ခံ~~Where stories live. Discover now