13

17.6K 1.1K 114
                                    

Zawgyi>>>

မိမိပါးဖောင်းဖောင်းလေးကို လက်ကလေးတွေဖြင့်အုပ်ကာ ငိုမဲ့မဲ့ဖြစ်နေသောယောလ်လေး...

"ဟင့် ယောလ်လေးကို အဲ့ မင်းသားက ရိုက်မှာလားဟင် အထိန်းတော်ကြီး *sob ယောလ်လေးကြောက်တယ်"

အခုမှတရှုံ့ရှုံ့ငိုနေပါသော မင်းသားငယ်ကြောင့်
အထိန်းတော်ကြီး သက်ပြင်းချသည်...

ကလေးမို့မသိပေမဲ့ အရိုက်မခံရပဲ အမျက်တော်ထွက်လို့ ရှီလာနဲ့ပြသနာတက်နေမှဖြင့်...
ရင်လေးရချည်ရဲ့

"အိမ်ရှေ့စံကြွလာပါပြီ"

အသံအဆုံးယောလ်လေး သူ့ရင်ခွင်ထဲအတင်းတိုးဝင်လာကာ လုံးဝမထွက်တော့ချေ...

မျက်လုံးကိုစုံမှိတ်ပြီး ကြောက်နေတဲ့ပုံစံလေးနဲ့ အထိန်းတော်ကြီးကို အတင်းဖက်ထားတာရယ်

သူဒါကိုမြင်တော့ ခပ်ဟဟရယ်မိတယ်...

ဒါကိုတော့ကလေးငယ်မသိချေ...
အထိန်းတော်ကို ထွက်သွားဖို့အမိန့်ပေးလိုက်တော့ စိတ်မသက်သာတဲ့ပုံစံနဲ့ စိုးရိမ်စွာထွက်သွားလေရဲ့

"ဟင့် မသွားပါနဲ့ အထိန်းတော်ကြီး ယောလ်လေးကြောက်တယ်"

အထိန်းတော်ကြီးကို အတင်းဆွဲထားပါသော ယောလ်လေးနားကပ်သွားတော့ စောင်ထဲအတင်းဝင်ပုန်းလေရဲ့...

အဆောင်ထဲတွင် ယောလ်လေးနဲ့သူနှစ်ယောက်သာ ရှိတော့သော်လဲ အခုချိန်ထိအပြင်ထွက်မလာချေ...

"ယောလ်လေး..."

သူ့ခေါ်သံကြောင့် စောင်ထဲကကိုယ်လုံးလေးတုန်သွားကာ ခေါင်းကိုလုံးဝမဖော်...
စောင်အကြီးကြီးကြားထဲ ယောလ်လေးကိုယ်လေးရောက်နေတာကြောင့် ဘယ်လိုမှမမြင်ရချေ...

ဒါကိုပဲ သူအသဲယားစွာကြည့်နေမိတယ်...

"မင်း...မင်းသားကျိ ယောလ်လေးအသက်ရှုကြပ်တယ်"

အချိန်အတော်ကြာမှ စောင်ထဲမှအသံပိစိလေးထွက်လာသည်...
မပီကလာလေးနဲ့ပြောတဲ့အသံလေးကြောင့် သူထပ်ရယ်မိပြန်ပါတယ်

ယောလ်လေးခြုံထားတဲ့ စောင်ကိုဆွဲဖယ်လိုက်တော့ အတင်းပြန်ဆွဲထားသည်

~~အသုံးတော်ခံ~~Where stories live. Discover now