Zawgyi>>>
ယောလ်လေးခေါင်းလေးကို အတင်းငုံ့ထားကာ အရှင့်ကိုမော့မကြည့်ရဲချေ...
စစ်နတ်မင်းသူ့နားကပ်လာတာသိသော်လဲ အင်္ကျီစကိုတင်းတင်းဆွဲဆုပ်ကာ ကိုယ်လေးကိုကြုံ့ထားမိတယ်"ယောလ်..."
ပုဝါအဖြူစကို မျက်နှာမှာစီးကာ အုပ်ထားတဲ့ကောင်လေး...
မျက်ဝန်းလှလှလေးတွေက အရမ်းကိုတောက်ပနေကာ ဖြူစွတ်နေသောအသားရည်က သူဝတ်ထားတဲ့ပန်းနုရောင်ဝတ်စုံလေးနဲ့ အရမ်းလိုက်ဖက်နေသည်ကြောက်ရွံ့မှုကြောင့် ခေါင်းကိုအတင်းငုံ့ထားတဲ့ ကောင်လေးရဲ့လက်ချောင်းလေးတွေကပင် အရမ်းလှနေကာ ကိုယ်လုံးသေးသေးလေးရဲ့ ခါးလေးကလဲသွယ်လျလွန်းနေတယ်
"အကုန်လုံးအပြင်ထွက် သူနဲ့ငါနှစ်ယောက်ထဲပြောစရာရှိတယ်"
စစ်နတ်မင်းစကားကြောင့် အကုန်လုံးအပြင်ထွက်သွားကာ ယောလ်လေးတစ်ယောက်ထဲကြောက်နေမိတယ်...
အထိန်းတော်ကြီးကို မျှော်လင့်တကြီးကြည့်မိပေမဲ့ စစ်နတ်မင်းအမိန့်ကြောင့် မတတ်သာပဲထွက်သွားရလေသည်...
ယောလ်လေး...ကြောက်တယ်
စစ်နတ်မင်းနဲ့နှစ်ယောက်ထဲရှိနေတာကို ကြောက်တယ်...
တစ်ယောက်မှယောလ်လေးကို မကယ်နိုင်ကြတော့ဘူးလား?
"ခေါင်းမော့..."
မဝံ့မရဲခေါင်းမော့လာသော ယောလ်လေး...
မျက်ရည်တွေဝဲနေတဲ့ မျက်ဝန်းကိုမြင်နိုင်တာကြောင့် သူအလိုမကျစွာမျက်မှောင်ကြုံ့သွားရသည်"ငိုနေတယ်လား?မင်းကငါခိုင်းတာကိုမလုပ်ပဲငိုနေတယ်ပေါ့ ဟုတ်လား?"
"မ..မဟုတ်ပါဘူး ယောလ်...ယောလ်လေး..."
ကူရာကယ်ရာမဲ့သွားသော ယောလ်လေးဘာပြောရမှန်းပင်မသိတော့ချေ...
စစ်နတ်မင်းကိုကြောက်လွန်းတာကြောင့် နှုတ်ခမ်းသားလေးတွေပင်တဆတ်ဆတ်တုန်နေသည်အထိ...
စစ်နတ်မင်းကအရှေ့ကိုတိုးလာတာကြောင့် ယောလ်လေးကြောက်ကြောက်နဲ့ နောက်ဆုတ်နေမိသည်မှာ နံရံနားပင်ကပ်တော့မယ်...
YOU ARE READING
~~အသုံးတော်ခံ~~
Historical Fictionယွမ်အင်ပါယာရဲ့ စစ်နတ်မင်းဆီကို ရှီလာရဲ့ အရုပ်လေးလိုလှတဲ့ မင်းသားလေးတစ်ပါးအဆက်သခံခဲ့ရသည်... ယွမ်အင်ပါယာရဲ့ စစ်နတ်မင်းဆီကို ရှီလာရဲ့ အရုပ်လေးလိုလှတဲ့ မင်းသားလေးတစ်ပါးအဆက်သခံခဲ့ရသည်... (warning:Chanyeol uke only!!) Baekyeol yaoi RatedM sorry for bad w...