16

19.4K 1.2K 107
                                    

Zawgyi>>>

"သံတမန်ရောက်လာကြောင်းပါ"

အပြင်က အထိန်းတော်ရဲ့အသံကြောင့် စစ်နတ်မင်းအနဲငယ်တွေဝေသွားသည် အသုံးတော်ခံအဆောင်အထိ သံတမန်က ဘာကြောင့်ရောက်လာရသည်လဲ

ဝင်လာဖို့ခေါင်းငြိမ့်ပြလိုက်တာကြောင့် တံခါးပွင့်လာပြီး သံတမန် ကင်ဆူဟိုနဲ့အတူ ကိုယ်ရံတော်ရှင်းပါ ပါလာတယ်

"ဘာကိစ္စရှိလို့လဲ သံတမန်"

ဂျွန်နဲ့တူနေတာသိပေမဲ့ သူ့အသံကိုထိန်းကာပြောလိုက်တော့ သံတမန်ကင်က ခပ်ယဲ့ယဲ့ပြုံးသည်

ထိုအပြုံးက တစ်ခုခုကိုဆိုလိုနေသလိုဖြစ်တာကြောင့် သူအနဲငယ်နားမလည်နိုင်ဖြစ်သွားရတယ်

"ငါပါဟျွန်း"

"မင်း...ဂျွန်?"

ခေါင်းငြိမ့်ပြတဲ့အရှေ့ကသူကြောင့် စစ်နတ်မင်းရော ယောလ်လေးပါ အံ့သြသွားရသည်...

စစ်နတ်မင်းရဲ့နှုတ်ခမ်းပါးဟာ အလိုအလျောက်ပွင့်ဟသွားပြီး ဂျွန်...
လို့ရေရွတ်လိုက်မိသည်အထိ...

ယောလ်လေးကတော့ စစ်နတ်မင်းရင်ခွင်ထဲမြုပ်နေရာကနေ ပိုလို့တောင်တိုးဝင်မိသေးတာပေါ့

သူ ဂျွန်ဆိုတဲ့သူကို ကြောက်တယ်လေ...

"တကယ်ပဲ ဂျွန်လား?မောင်မင်း..."

ရှင်းကပါခေါင်းငြိမ့်ပြတာကြောင့် စစ်နတ်မင်း မျက်ဝန်းမှာအတော်လေးအရောင်ပြောင်းသွားတော့တယ်

ပျော်ရွှင်မှု အံ့သြဝမ်းသာမှု...
ဂျွန်အသက်ရှင်နေသေးတယ်တဲ့လား...

မဖြစ်နိုင်ဘူး ဂျွန်ကရေထဲကိုကျသွားပြီလေ ဒီလောက်ရေစီးသန်တဲ့ချောင်းမှာ ဂျွန်အသက်ရှင်ဖို့ဆိုတာလွယ်ပါ့မလား

အဲ့ဒါကိုသူကိုယ်တိုင်မြင်ခဲ့တာလေ

ဒါဆို ၁၀ လုံးလုံးကိုရော သူဘယ်ရောက်နေခဲ့တာလဲ?
ဘာလို့ပြန်မလာတာလဲ?

စစ်နတ်မင်းဆိုတဲ့ဂုဏ်ပုဒ်နဲအအညီ သူ့မှာသံသယနဲ့မေးခွန်းအချို့ ခေါင်းထဲဝင်လာသည်

လူတိုင်းကိုမယုံလို့ပဲ ဧကရာဇ်တစ်ပါးဖြစ်လာသည်လေ...

တကယ်လို့များ ဒါကဂိုလျောရဲ့ အကြံအစည်တစ်ခုဖြစ်နေခဲ့မှာစိုးလို့...

~~အသုံးတော်ခံ~~Where stories live. Discover now