28

13.5K 926 160
                                    

Zawgyi>>>

ယောလ်လေးအကျဉ်းထောင်ထဲမှာ ကုတ်ကုတ်လေးထိုင်နေမိတယ် ဒီနေရာကအရမ်းကြောက်ဖို့ကောင်းသလို နေရတာလဲတကယ်အဆင်မပြေလှပါ

ယောလ်လေးငယ်ငယ်လေးထဲက ကြွေရုပ်လေးတစ်ရုပ်လို နေခဲ့ရတာကြောင့် အကျဉ်းထောင်လို ရက်စက်ကြမ်းကြုတ်ပြီး ညစ်ပတ်တဲ့နေရာက တကယ်အဆင်မပြေလှ...

နံစော်နေတဲ့ အကျဉ်းထောင်ထဲတွင် ယောလ်လေးကိုတစ်ယောက်ထဲပစ်ထားကာ အစာတောင်မှန်မှန်မကျွေးကြချေ...

ယောလ်လေးကြမ်းပိုးတွေကိုလဲကြောက်တာကြောင့် မှောင်မဲနေတဲ့ အကျဉ်းထောင်လေးထဲ တစ်ယောက်ထဲကြိတ်ငိုနေမိတယ်

ယောလ်လေးတကယ်ပဲ ဘာမှမလုပ်ရပါပဲ ဘာလို့ယောလ်လေးအပေါ်ရက်စက်ကြတာလဲဟင်?

အရှင် ဘယ်မှာလဲ?
ယောလ်လေးအရမ်းကြောက်တယ် အရှင်...ယောလ်လေးတကယ် အရှင့်ကိုဘာမှမလုပ်ပါဘူး

ယောလ်လေးကိုဘယ်သူမှမယုံကြဘူး အရှင်...

ယောလ်လေးအရမ်းကြောက်နေမိပြီ...

"မင်းသားငယ်!"

"အထိန်းတော်ကြီး..."

အကျဉ်းထောင်ရဲ့ထောင့်တစ်နေရာတွင် ကုတ်ကုတ်လေးထိုင်နေသော သူမ၏မင်းသားငယ်ကိုကြည့်ကာ အထိန်းတော်ကြီးရင်တွေနာလှပါသည်

မိမိငယ်ငယ်လေးကထဲကပိုးမွေးသလိုမွေး၍ စောင့်ရှောက်လာတဲ့ မင်းသားငယ်ကို ဒီလိုထားတဲ့ ရှန်ဟီမိဖုရားကိုလဲလုံးဝမကျေနပ်...

ယောလ်လေးလိုဖြူစင်တဲ့ ကလေးငယ်ကိုမှ ကဝေတဲ့လား...

စစ်နတ်မင်းမရှိတုန်းမို့ သက်သက်ခေါင်းစဉ်တပ်၍ ပြသနာရှာမှန်းသိသော်လဲ ဘာမှပြောပိုင်ခွင့်မရှိတဲ့ သူမကိုယ်သူမလဲအားမရမိ...

"မင်းသားငယ်...ဘယ်လိုဖြစ်ရတာလဲ? "

"ယောလ်လေး...ယောလ်လေး ကြောက်တယ် အထိန်းတော်ကြီး ဟင့်"

"မငိုပါနဲ့မင်းသားငယ် ကျွန်တော်မျိုးမအတတ်နိုင်ဆုံးကြိုးစားပါ့မယ် မင်းသားလေးကဒီကလွတ်မြောက်အောင် ကြိုးစားပါ့မယ်နော် စိတ်မပူပါနဲ့"

~~အသုံးတော်ခံ~~Where stories live. Discover now