ဝေးကွာခြင်းဟာ စည်းခြားခံရတယ် ဆိုတာကို မင်းယုံပါ။
ခွဲခြားခံရခြင်းခေါင်းစဉ်အောက်က ကိုယ့်ကို သနားပါ။သိပ်တရားကျတဲ့ လောကကြီးလို့ပဲ
အပြစ်တင်လိုက်ချင်တယ်
ချစ်ခြင်းတရားမှာ မိုင်တွေပါလာတဲ့အခါ
တားထားတဲ့ စည်းထဲ အလိုလိုရောက်သွားရော
ကိုယ်လည်း ဒီစည်းကိုမကျော်နိုင်ဘူး
မင်းလည်း ကိုယ့်ဆီ ရောက်မလာနိုင်ဘူးနောက်ဆုံးတော့လည်း ကိုယ်ဟာ အစွမ်းအစမရှိတဲ့ သူတစ်ယောက် ဆိုတဲ့ ခံစားချက်ကြီးပဲ ဝင်လာတယ်
မင်းပြောတဲ့ အချစ်ဆိုတာကို ဝေးနေလို့ ထင်ပါရဲ့ ခံစားလို့မရခဲ့ဘူး
ကိုယ်တစ်ယောက်တည်းအတွက် မဟုတ်တဲ့ အချစ်တွေကို လိုချင်တောင့်တမနေသင့်တော့ဘူး* မင်းကတော့ လမင်းကြီးဖြစ်ခဲ့ပေမယ့် ကိုယ်ကတော့ မြေပြင်ပေါ်ကပဲ ငေးကြည့်ခွင့်ရခဲ့ပါတယ် *
____________________
** ပြထားသော စာသည် မှီငြမ်းရေးသားထားသော စာဖြစ်သည်။
YOU ARE READING
The ASTER
Random• ခင်ဗျားကျောခိုင်းထားတဲ့ နှလုံးသားတစ်စုံရဲ့ ပိုင်ရှင်ဟာ ကျွန်တော်ပါ •