Aster 21

660 58 5
                                    

မင်းကို သတိမရမိအောင် အလုပ်တွေ ထပ်ခါထပ်ခါလုပ်တယ်
ဒါပေမယ့် ကိုယ်နဲ့ ပတ်သက်တဲ့ အရာအားလုံးဟာ မင်းဖြစ်နေတယ်
ပူလောင်ခြင်းအပိုင်းအစတွေဟာ ဖျောက်ဖျက်လို့မရနိုင်တဲ့ Tatto တစ်ခုလို နှလုံးသားကို ထပ်ခါထပ်ခါ ပူလောင်စေတယ်

မင်း ထွက်သွားပေမယ့် ခုချိန်ထိ နှုတ်ဆက်စကား
မဆိုနိုင်သေးတဲ့ ကိုယ်ပါ
အချစ်ဆိုတာ နာကျင်ရသလို နှုတ်ဆက်ခြင်းတွေကလည်း မျက်ရည်တွေနဲ့ ဖြစ်တည်ပါတယ် ကလေး

မချစ်တဲ့ မင်းကတော့ ကောင်းကောင်းကြီး နှုတ်ဆက်နိုင်ပေမယ့် ချစ်ခဲ့တဲ့ ကိုယ်ကတော့ ဘယ်လိုအင်အားနဲ့ နှုတ်ဆက်ရမလဲ ကလေးရယ်

ချစ်ခြင်းက လူကိုမသေစေနိုင်ပေမယ့် ဝေးကွာခြင်းကတော့ အကြိမ်ကြိမ် သတ်ပါတယ်
မသွားပါနဲ့လား လို့ တဖွဖွ ပြောနေတဲ့ ကိုယ့်ကို မင်း လျစ်လျူရှုရက်တယ် ကလေးရယ်
သိပ်ကို တော်တဲ့ ကိုယ့်ကလေးပါ

နှုတ်ဆက်ခြင်းဆိုတာ ကိုယ် အကြိမ်ကြိမ် ကြိုးစားရအုံးမယ့် ပုစ္ဆာတစ်ပုဒ်မို့လို့
ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်တဲ့တစ်နေ့ ကိုယ်မင်းကို နှုတ်ဆက်စကား ဆိုနိုင်လာမှာပါလေ...

The ASTERTempat cerita menjadi hidup. Temukan sekarang