ကိုယ်က ကမ္ဘာမြေကြီး
မင်းကတော့ မိုးကုပ်စက်ဝိုင်း..ကိုယ့်ရဲ့ ပေးဆပ်ခြင်းနဲ့ မင်းရဲ့ ချစ်ခြင်းတရားဟာ ဘယ်လိုမှ မတွေ့ဆုံနိုင်ဘူး
မိုးကုပ်စက်ဝိုင်းနဲ့ ကမ္ဘာမြေကြီး ထိစပ်နေမယ့် တစ်နေရာကို လိုက်ရှာနေတဲ့ ကလေးတစ်ယောက်လိုပေါ့...
အဝေးကကြည့်ရင်တော့ ထိစပ်နေပါရဲ့
တဖြည်းဖြည်းလည်း နီးသွားရော
ကလေးဆန်တဲ့ အိမ်မက်တစ်ခုဖြစ်သွားရောလူတွေကတော့ တွဲမြင်ကြမှာပေါ့
ဒါပေမယ့် ဘယ်တော့မှမနီးစပ်နိုင်တာက
ကိုယ်တို့ရဲ့ အမှန်တရား
ဒီလိုပါပဲ ကမ္ဘာမြေကြီးနဲ့ မိုးကုပ်စက်ဝိုင်းနဲ့
ထိစပ်နေပါတယ် လို့ ဘယ်သူကများပြောခဲ့လို့လဲကိုယ်လည်း အဆုံးမရှိ ပေးဆပ်ရင်း
မင်းလည်း အနှိုင်းမဲ့ တောက်ပရင်း
ကိုယ်တို့ ဝေးကြမယ်
YOU ARE READING
The ASTER
Random• ခင်ဗျားကျောခိုင်းထားတဲ့ နှလုံးသားတစ်စုံရဲ့ ပိုင်ရှင်ဟာ ကျွန်တော်ပါ •