💜 Aster 💜
မင်းမသိတဲ့ အလွမ်းတွေပေါ့ ကလေးရယ်
လွမ်းနေရင်းပဲ ကိုယ်တို့ ဝေးသွားကြတယ်
နှုတ်ဆက်စကားတောင် မဆိုလိုက်ရတဲ့ ဝေးကွာခြင်းပါ ...
ကိုယ်နောက်ဆုံးမြင်လိုက်ရတာ
မင်းရဲ့ ကျောပြင်ပါပဲ
ကိုယ့်ကိုကျောခိုင်းသွားတဲ့ မင်းကို
သေလောက်အောင်
ချစ်မိနေတုန်းပဲ ကိုယ်ဟာ ဘယ်လောက် အမှတ်မရှိလိုက်တဲ့ အမိုက်အမဲလဲခုတော့
ုငါ့ကမ္ဘာမှာ မင်းရဲ့ အပြုံးတွေ ဆိတ်သုဉ်းခဲ့ရပြီ ..
လွမ်းတယ် ကလေးရယ် သိပ်ကိုလွမ်းတယ်...
မင်းဘေးမှာ အမြဲတွယ်ကပ်နေတဲ့ ကိုယ့်ကို
မင်းမရှိပဲ နေနိုင်လိမ့်မယ်လို့ ထင်ခဲ့တာ မင်းရဲ့အမှားပဲ
ကိုယ့်မှာ " ပြန်လာပါ " လို့ တောင်းဆိုပိုင်ခွင့်ရှိမလား..?
ဒါပေမယ့် ကိုယ့်စကားတွေဆို အမြဲလျစ်လျူရှုတဲ့မင်း ...ဒီတစ်ခါလည်း ကိုယ့်စကားကို နားထောင်မှာမဟုတ်ဘူးမလားမင်း မရှိတဲ့ ကိုယ့်ညတွေဟာ အရင်လို မလှပတော့ဘူး ကလေးရဲ့
မင်း မရှိရင် ပြည့်စုံခြင်းအလျင်းမရှိတဲ့
ဒီကမ္ဘာကို
တစ်ချက်လောက်လှည့်ကြည့်ပေးပါ
ကိုယ်ဒီမှာ အလွမ်းတွေနဲ့အတူ အထီးကျန်ခြင်း ဝေဒနာကို ခံစားနေရတယ်
မင်းက ကိုယ့်ဝေဒနာကို ကုပေးနိုင်တဲ့ တစ်ခုတည်းသော သူရယ်ပါလမ်းကြုံရင် သူ့ကို ပြောပေးကြပါ
* သူ့ကို သိပ်ချစ်တဲ့ ကျွန်တော် အလွမ်းတွေနဲ့အတူ အရင်နေရာလေးမှာပဲ စောင့်နေပါတယ် * ဆိုပြီးတော့ပေါ့...~~~~~~~~~~~~~~~
YOU ARE READING
The ASTER
Random• ခင်ဗျားကျောခိုင်းထားတဲ့ နှလုံးသားတစ်စုံရဲ့ ပိုင်ရှင်ဟာ ကျွန်တော်ပါ •