Aster 45

537 46 10
                                    

▪ မင်းရှိတဲ့ အစိမ်းရောင်စံပယ်လမ်းပေါ်မှာ လွင့်ချင်တိုင်းလွင့်နေမယ်..
ပြီးရင် လမ်းမှားတာပါ လို့ ခေါင်းစဉ်တပ်မယ်

▪ အပြာရောင် နံရံတွေကြားမှာ ငိုကြွေးမယ်
မင်းမေးရင် မျက်လုံးထဲ အမှုန်တွေ ဝင်သွားလို့ပါ ဆိုပြီး မုသာဝါဒကံ ကျူးလွန်လိုက်မယ်

▪ မင်းရဲ့ ဖုန်းနံပါတ်ကို သတ္တိရှိရှိနဲ့ Call ခလုတ်နှိပ်ပစ်မယ်
ဘာစကားမှမပြောပဲ ဝင်သက်ထွက်သက်တွေကနေ မင်းရဲ့နှလုံးသားကိုရှာမယ်

▪ အနီရောင်အိမ်မက်ကမ္ဘာမှာ အဖြူရောင်ရင်ခွင်ထဲ တိုးဝင်မယ်
ငါ့မျက်ရည်တွေကို မင်းရင်ခွင်မှာ မြှုပ်နှံပစ်မယ်

▪ မင်းမရှိရင် မဖြစ်ပါဘူးဆိုတဲ့ အကြောင်း မင်းဆီ စာတွေရေးလိုက်မယ်
မင်း နင်းခြေပစ်လိုက်ပေါ့ ငယ်ရာ...

The ASTERWhere stories live. Discover now