စားပွဲပေါ်က ထမင်းဟင်းတွေကိုလုံးဝမထိဘဲ ထိုင်သာထိုင်နေသော ဖေဖေနဲ့မေမေနဲ့ကိုကြည့်ပြီး Baek စိတ်မရှည်တော့..
"ဖေဖေ ဘာလို့မစားခိုင်းသေးတာလဲ..စားမယ်ဆိုပြီးဝင်လာတာမဟုတ်ဘူးလား"
"ခဏလေးပဲစောင့်ပါ..သမီးရယ်..ဧည့်သည်လာမှာမို့လို့ပါ.."
"ဧည့်သည် လား..ဘယ်သူတွေလဲဟင်.."
"Yeol တို့မိသားစုလေ..မေမေဖိတ်ထားတာ.."
"Aww.."
ထိုစဉ်~~
"Ah..နောက်ကျသွားတာတောင်းပန်ပါတယ်.."
"ရပါတယ်ဗျာ..ဝင်လာပါ.."
"တံခါးဖွင့်ထားလို့ဝင်လာတာ..နည်းနည်းရိုင်းသလိုများဖြစ်သွားရင်တောင်းပန်ပါတယ်.."
"Aww...ရပါတယ်..မဖြစ်ပါဘူး... နောက်လည်းဒီလိုပဲဝင်ထွက်ရမှာပဲလေ..."
"Imm...ဒါဆို..ဟင်းတွေမအေးခင်စားကြရအောင်လေ.."
Mr.Byun ပြောလိုက်မှပဲ...
"ဟုတ်ပါပြီ ဗျာ.."
ဆိုပြီး Yeol တို့တွေ ထမင်းစားပွဲဝိုင်းမှာဝင်ထိုင်လိုက်ကြသည်။
Yeol နဲ့ Baek ကမျက်နှာချင်းဆိုင်ထိုင်ကြပြီး....
"သမီး..Yeol ကိုဟင်းတွေထည့်ပေးလိုက်ဦးလေ.."
"ဟုတ်ကဲ့..မေမေ..."
"Yeol..ဒါလေးလည်းစားနော်..မေမေ့လက်ရာကတကယ်ကောင်းတာ.."
"ဟုတ်ကဲ့ပါဗျာ...ကျေးဇူးတင်ပါတယ်.. Baekkie.."
Yeol အခေါ်အဝေါ်ကြောင့် Baek ကြောင်သွားသည်။
ပြီးတော့မှ Yeol ကိုအလှဆုံးလေးပြုံးပြလိုက်သည်။
Yeol က Baek ရဲ့အဲလိုလှပတဲ့အပြုံးကိုသူတစ်ယောက်တည်းပဲမြင်ချင်တယ်..တခြားလူတွေကိုမမြင်စေချင်ဘူးဆိုအရမ်းကြီးများ အတ္တ ဆန်နေမလား..
😍😍😍😍😍
Kim Jong In ❤ Do Kyung Soo
ဆိုတဲ့စာတမ်းလေးက စင်မြင့်ထက်ရဲ့ ဗဟိုနေရာမှာ နေရာယူလျက်....
ခမ်းမကြီးထဲမှာလည်းလူတွေကအပြည့်...
မင်္ဂလာတေးသံလေးကလည်းငြိမ့်ညောင်းလျက်...
YOU ARE READING
I Love You 💑(Completed)
Fanfictionနိုင်ငံခြားမှာအောင်မြင်ကျော်ကြားနေတဲ့ designer တစ်ယောက်ဖြစ်တဲ့ Baekhyun ကိုယ့်အမိမြေမှာပဲအလုပ်ကိုကြိုးစားစွားလုပ်ကိုင်နေတဲ့ Chanyeol လျှပ်တစ်ပြတ်အတွင်းမှာပဲသူတို့စေ့စပ်ဖို့ဖြစ်လာတဲ့အခါ~~ Support~ Kaisoo