လရောင်အောက်မှာ သံစုံတီးဝိုင်းတွေနဲ့ သံစဉ်တေးသံလေးတွေနဲ့ ငြိမ့်ညောင်းနေတဲ့ မင်္ဂလာဦးဇနီးမောင်နှံနှစ်ဦးတို့ရဲ့ ညစာစားပွဲလေး...
ဧည့်သညတွေကအများကြီးတော့မရှိ...အရမ်းရင်းနှီးတဲ့လူလောက်ပဲဖိတ်ထားပုံပင်...
နှစ်ဖက်မိဘတွေ..အဓိကမင်းသားမင်းသမီးနှစ်ယောက်ရယ်..သူငယ်ချင်းတွေလောက်ပဲ...
"Hey..Kai..."
"Aww...Yeol...လာကြပြီလား...aww..Baek..တူတူလာကြတာလား.."
"ဒါပေါ...ချစ်သူတွေပဲဟာ.."
"အေးပါ..."
"သွားထိုင်ရအောင်.."
"အင်း..."
"ဒီဘက်ကိုလာ..Soo စောင့်နေတယ်.."
"အင်း..."
"Ah...နင်တို့လာကြပြီလား.."
Baek ကိုတွေ့တော့ Soo ကကြိုဆိုပြီး ....
"ကပွဲက 7 နာရီမှစမှာ...အခုစားချင်တာစားထားကြ.."
Soo စကားကိုကြားတော့ Baek မျက်လုံးလေးပြူးသွားပြီး...
"ဟင်..ကပွဲလား...ငါမကတတ်ဘူး.."
"ကတာကလွယ်ပါတယ်..ကိုယ်နဲ့ကတဲ့လူနဲ့ အလိုက်အထိုက်နေပေးလိုက်ရုံပဲ...လွယ်ပါတယ်.."
"ဟုတ်ပါ့မလား..."
"ဟုတ်ပါတယ် "
"နင်တို့ဒီမှာခဏထိုင်နေနော်...ငါတို့လိုက်နှုတ်ဆက်ပြီးရင်ပြန်လာခဲ့မယ်..."
"အင်း..."
Kai နဲ့ Soo ထွက်သွားသော်~~
"Baek...အချိန်ကျပြီလေ..ကိုယ်နဲ့လိုက်ခဲ့ပါ.."
မနေနိုင်မထိုင်ဖြစ်နေသော Yeol က အအေးသောက်နေတဲ့ Baek လက်ကိုဆွဲကာ အပြင်ကိုခဏထွက်လာသည်။
"ဘာဖြစ်လို့လဲ Yeol.."
"Ah...မသိချင်ယောင်မဆောင်နဲ့လေ...အခု Kai တို့ညစာစားပွဲဆိုရင်အဖြေပေးမယ်လို့ Baek ပြောထားတယ်လေ..."
"အင်းပါ..သိပါတယ်..."
"အဲဒါဆို Baek ပြောတော့လေ...
ကိုယ့်ကိုလက်ထပ်ပါ...ကိုယ် baek က်ုအရမ်းချစ်တယ်..""ဟုတ်...baek လည်း Yeol က်ုအရမ်းချစ်တယ်..ဒါကြောင့် Yeol ကိုနောက်တခါထပ်ပြီးအဆုံးရှုံးမခံနိုင်တော့ဘူး..တစ်ခါမှားပြီးတဲ့အမှာမျိုးကိုနောက်တစ်ခါထပ်မမှားစေရတော့ဘူး..America မှာကတည်းက Baek က Yeol ကိုပဲသတိရနေပြီး ဘယ်သူ့ကိုမိစိတ်မရောက်နိုင်ဘဲ သစ္စာရှိရှိနေထိုင်ခဲ့တာပါ..Baek က အခု Yeol ရဲ့တောင်းဆိုမှုကိုလက်ခံပါတယ်"
"ဒါဆို..Baek ကိုယ့်ကိုလက်ထပ်မယ်ပေါ့.."
"အွန်း.."
ဆိုကာ baek ခေါင်းလေးကိုဘယ်နှကြိမ်မှန်းမသိငြိမ့်ပြနေမိသည်။
Yeol ကလည်း Baek ကို 'ချစ်တယ်' ဆိုတဲ့စကားကိုအထပ်ထပ်ပြောကာ...
Baek ကိုသူ့ရင်ခွင်ထဲနစ်မြုပ်နေသည်အထိဖက်ထားမိသည်။
ပြီးမှ တစ်ခုခုကိုသတိရပုံဖြင့်....
Baek ကိုရင်ခွင်ထဲကထုတ်ပြီး~~
"Baek...အခုအချိန်ကျပြီမလား...".
Yeol အမေးကို Baek နားမလည်...နားမလညတဲ့မျက်ဝန်းလေးတွေနဲ့ကြည့်နေသည်။
"ကိုယ်တို့နှစ်ယောက် အချစ်သက်သေထူထောင်ဖို့အချိန်ကျပြီမလားလို့မေးတာ..."
"Aww.."
Yeol ပြောလိုက်တော့မှ Baek က 'aww' ဆိုတာလေးပဲပြောပြီး မျက်နှာလေးရဲကာ ခေါင်းလေးငြိမ့်ပြသည်။
Baek ရဲ့ခွင့်ပြုချက်ရတော့မှ Yeol လည်း Baek မျက်နှာလေးနားကပ်သွားပြီး..Baek ရဲ့နှင်းဆီရောင်နှုတ်ခမ်းလေးကို သူ့နှုတ်ခမ်းလေးနဲ့ နှမ်းရှိုက်လိုက်တယ်...
Baek လည်း Yeol ရဲ့အနမ်းတွေမှာပျော်ဝင်လို့ Yeol ရဲ့အနမ်းတွေကိုပြန်တုံ့ပြန်နေမိတယ်...
အချိန်အတော်ကြာသူတို့နှုတ်ခမ်းတွေနဲ့ အနမ်းရှည်ကြီးတစ်ခုကိုပုံဖော်လိုက်ပြီးမှ သူတို့နှုတ်ခမ်းလေးတွေကိုပြန်ခွာလိုက်ပြီး မရလိုက်တဲ့ Oxygen တွေကိုအားရပါးရပြန်ရှူသွင်းနေကြတယ်..
Oxygen တွေအပြည့်အဝရပြီးတော့မှ Baek ကို Yeol ကသူ့ရဲ့ရင်ခွင်ထဲထည့်ထားပြီး Baek ရဲ့နူးညံလှတဲ့ ဆံနွယ်လေးတွေကိုဘယ်နှကြိမ်မှန်းမသိနမ်းရှိုက်နေသည်။
သူတို့နှစ်ယောက်ရဲ့အချစ်သက်သေက သူတို့ဖန်တီးလိုက်တဲ့ အနမ်းတစ်ပွင့်တင်မကဘဲ ကောင်းကင်ပေါ်မှာ လှလှပပထွန်းလင်းနေတဲ့ လမင်းကြီးနဲ့မှိတ်တုတ်မှိတ်တုတ် ကြယ်လေးတွေပါ အပါအဝင်ပေါ့...
❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤
နောက်တစ်ပိုင်းကတော့ final ပါ...😘😘
YOU ARE READING
I Love You 💑(Completed)
Fanfictionနိုင်ငံခြားမှာအောင်မြင်ကျော်ကြားနေတဲ့ designer တစ်ယောက်ဖြစ်တဲ့ Baekhyun ကိုယ့်အမိမြေမှာပဲအလုပ်ကိုကြိုးစားစွားလုပ်ကိုင်နေတဲ့ Chanyeol လျှပ်တစ်ပြတ်အတွင်းမှာပဲသူတို့စေ့စပ်ဖို့ဖြစ်လာတဲ့အခါ~~ Support~ Kaisoo