"ချလွင် ''
Party ပွဲမှ ဝိုင်ခွက် အချင်းချင်းတိုက်ကာ ဂုဏ်ပြုပေးနေသည့် ရှယ်ယာရှင်အချို့...
ဝိုင်ခွက်ကို အနည်းငယ်မော့သောက်လိုက်ကာ
ခွက်ကို စက်ဝိုင်းပုံ လှုပ်ယမ်းနေမိသည်...."Mr.kim မကြာမီ Mrs. Kim birthday ရှိတယ်မလား ~~~~"
ပြုံးယောင်စ နှူတ်ခမ်းနှင့် လက်ကိုတွဲချိတ်လာသည့် Hari ခါးကို ပြန်လည်တင်းတင်းဖက်မိသည် ~~~~
"မောင်က ကျွန်မအတွက် birthday present ပြင်ပီးသားလေ ~~~
ခု ဆောက်နေတဲ့ Shopping Mall က ကျွန်မ birthday present ဆိုပြီး မောင်က ဆောက်နေတာ~~ဟုတ်တယ်မလား မောင် ~"Hari စကား အဆုံး ဝိုင်ခွက်ကို ကိုင်ထားတဲ့
Kai လက်တွေ အကြောတွေပါ ထောင်လာသည်အထိ တင်းခနဲဖြစ်သွားရသည်..
သို့သော် အပြုံးမပျက်ပဲ..."ဒါပေါ့... ဒီဇနီးလေးပဲရှိတာ
ကိုယ်ရှာသမျှက ဒီဇနီးလေး အတွက်ပဲပေါ့ "သူမရဲ့ နှုတ်ခမ်းကို ဖျက်ခနဲနမ်းလိုက်တော့
ရှေ့က လူကြီးတွေ သတင်းထောက်တွေက ပြုံးရင်းဓာတ်ပုံအချို့ ရိုက်ယူနေကြသည်...~~~~~~~~~~~~~~~~~~~~~
"Lee Hari မင်းဘာစောက်ချိုးချိုးတာလဲ "
ပွဲကရောက်ရောက်ချင်း သူ့မျက်စိရှေ့က မိန်းမကို ပုခုံးကနေ ကိုင်လှုပ်ကာ ဒေါသတကြီး မေးလိုက်သည်...
သို့သော် ထိုမိန်းမက သူ့ကို မျက်ခုံးလေး ပင့်ကြည့်ကာ ~ရုန်းဖယ်၍~ မှန်တင်ခုံရှေ့ထိုင်နေသည်..."မောင်ကလဲ.... Hari အတွက်မဟုတ်ရင်
ဒီ Shopping mall က ဘယ်သူ့အတွက်ဖြစ်ရဦးမလဲ ""မင်း လင်ငယ်တွေကို ထောက်ပံ့ဖို့ ငါလုပ်နေတာမဟုတ်ဘူး "
"စွပ်စွဲလှချည်လား မောင်ရယ် ~~~~
မောင့်မပေးတဲ့အရာတွေကို တစ်ခြားသူတွေဆီကယူမိတာ Hari မှားလား ဟင် ~~""တောက်ခ်"
သူဒေါသတကြီး တောက်ခေါက်မိတော့
Hari က မှန်တင်ခုံရှေ့ကနေ ထလာပြီး သူ့အင်္ကျီစကို ကိုင်ကာ ကညုတုတုနှင့်