"မပေါ်ကြဘူးဆိုလို့ ပြန်တင်ပေးတာ...
"ကောင်လေး နေမကောင်းဘူးဆို"
နှစ်ဖက်မိဘ တွေ့ဆုံပွဲလဲမဟုတ် စေ့စပ်ပွဲလဲ မကျတဲ့ ထိုပွဲမှာ ကောင်လေးက မျက်နှာငယ်နဲ့စားပွဲဝိုင်းတွေကိုပြင်ဆင်ပီး ထွက်သွားတာကို သူမျက်စိတဆုံးကြည့်နေမိသည်~~~~
အဲ့ဒီမှာ အချိန်တော်ကြာနေပီးကာမှ အခန်းထဲက ထွက်တော့ Choi Arjushi ရဲ့ကောင်လေး နေမကောင်းဘူးဆိုတဲ့အသံက သူ့ရင်ထဲ ဒိန်းခနဲ~~~~"မဟုတ်ပါဘူး..."
"ဘာမဟုတ်တာလဲ ကောင်လေးရယ် ...ကိုယ်တွေဒ်ီိလောက်ပူခြစ်နေတာ"
ပြောရင်း လက်ပေါ်မှာတင်မေ့မြောသွားတဲ့ကောင်လေးကြောင့် သူစိုးရိမ်တကြီးပွေ့ချီကာဆေးရုံခေါ်သွားရန် ပြင်ဆင်မိသော်လည်း ဟန့်တားလက်တဲ့ လက်တစ်စုံကြောင့် ကြည့်မိတော့ သူ့၏မွေးဖခင်~~~~,
ဟင့်အင်း သူစိတ်မဝင်စားဘူး အဖေဘာပြောမလဲ မသိချင်ဘူး
ခုချိန်မှာ သူ့လက်ထဲက ကောင်လေးက အဓိက
ကောင်လေး တခုခုဖြစ်လို့မဖြစ်ဘူး~~~
ကောင်လေးကိုပွေ့ချီလျက်ပင် အိမ်ပြင်ပြေးထွက်ပီး ဆေးရုံကို အမြန်ပြေးလာလ်ုက်သည်~~~
သူ့နောက်ကို လိုက်လာတဲ့ bodyguards တွေကို မမှီအောင် Taxi ငှားသော်လည်း
ဒရမ်မာ တွေလို အဆင်သင့်ရောက်မလာတဲ့ taxi အချို့ကြောင့် သူတောက်တချက်ခေါက်ကာ လမ်းမပေါ်သ်ု့ပြေးထွက်ခဲ့ရသည်~~~ထိုချိန်ထိ လက်ထဲမှ ကောင်လေးက တရိပ်ရိပ်တက်လာတဲ့ အပူချိန်ရယ် အပြင်က အပူရှိန်ကြောင့် တကိုယ်လုံး ချွေးစေးတွေပြန်ကာ ကယောင်ကတမ်းညည်းနေသည်~~~~
"စိုးရိမ်စရာမရှိပါဘူး~~~အိပ်ရေးပျက်တာရယ် စိတ်ဖိစီးမှုကြောင့်ရယ်မို့ အဖျားကြီးသွားတာပါ..ဒီတရက်ဆေးရုံတက်ပီး နောက်နေ့ဆင်းလို့ရပီ ဒါပေမဲ့ ဂရုစိုက်ပေးပါ"
Doctor ရဲ့ ညွှန်ကြားချက်အဆုံး သူ အိပ်ပျော်နေတဲ့ကောင်လေးရဲ့ နဖူးထက်က ဆံသားနုနုကို သပ်တင်ပေးရင်း drip ချိတ်ထားတဲ့လက်ကို အသာဆုပ်ကိုင်ကာ ပါးမှာ အပ်လိုက်သည်~~~~
"အဆိုးလေး ကိုယ်ဘယ်လောက်စိတ်ပူသွားရလဲ မင်းသိလား...
ကိုယ့်ဘဝမှာ မင်းမရှိလို့မဖြစ်ဘူး အဆိုးလေးရဲ့ ...ကိုယ်မင်းကို အရမ်းချစ်တာ သိလား"