"မင်း ငါ့အခန်းထဲ ဘာဝင်လုပ်နေတာလဲ Lee Hari ~~~~
မင်းအဆင့်နဲ့ ဒီထဲဝင်စရာအကြောင်းမရှိဘူး ~~~"အခန်းထဲဝင်ကာ Kai အနှစ်သက်ဆုံးရေမွှေးပုလင်းကို ကိုင်ကာ သူမရဲ့ ခန္ဓာကိုယ်အနှံ့ ဆွတ်နေတဲ့ Hari ~~~~
"တောင်းပန်ပါတယ် အစ်ကိုလေး ~~
ကျွန်မ အခန်းလာရှင်းရင်း အနံ့ လေး သဘောကျလို့ ဆွတ်ကြည့်တာပါ ~~~""သွား ငါ့အခန်းထဲက အခုထွက် ~~"
Kai မောင်းထုတ်နေသော်လဲ သူမက ပေပြီး ရပ်ကြည့်နေသည် ~~~~~
"အစ်ကိုလေး အခန်းရှင်းလို့ မပီးသေးလို့ပါ ~~"
"မလိုဘူး.... မင်းနောက်တခါ ငါ့အခန်းကို လာရှင်းစရာ အကြောင်းမရှိဘူး ~~"
"ဟုတ်ကဲ့ ~~~"
*ဟင်း !!! Kim Kai နင်ဟာ တနေ့ ငါ့အတွက်ပဲ ဖြစ်စေရမယ် ~~*
Kai အခန်းထဲကနေ ထွက်သွားတဲ့ Hari ရဲ့ မဲ့ ပြုံးနဲ့ အံကြိတ်ပြောသံကို Kai မမြင်မိသလို ကြားလဲ မကြားလိုက်ပေ... ~~~~
~~~~~~~~~~~~~~~~
"သား Kai လာဦး ~~~"
မနက်စာ စားခါနီး အမေခေါ်လိုက်တာမို့
မော့ကြည့်မိတော့ ဟိုမိန်းမမျက်နှာကို တွေ့လိုက်ရတာကြောင့် စုပ်တချက်သတ်မိလိုက်သလား
ကိုယ်ကိုယ်တိုင်မသိလိုက် ~~~~~~"သားက အိမ်ထောင်ပြုသင့်တဲ့ အရွယ်ရောက်နေပီ~~~"
အမေ့စကားကြောင့် ပေါင်မုန့်ကို peanut brittle သုတ်ရင်း ခေါင်းတချက်ငြိမ့်လိုက်သည် ~~~~~~~~~~
"အဲ့တာကြောင့် သားကို Hari နဲ့ အိမ်ထောင်ချပေးမလို့ ~~~~~~~"
အမေ့စကားကြောင့် ဝါးလက်စ ပေါင်မုန့်က လည်ချောင်းတွင်နင်ကာ မျက်နှာ နီရဲတက်လာရသည် ~~~
လောကမှာ အမုန်းဆုံးမိန်းမနဲ့မှ အိမ်ထောင်ချပေးတဲ့ အမေ့ကို ဘယ်လိုမှ နားမလည်.....
ဒီ့ထက်ထူးဆန်းတာက ကိုယ့်အိမ်က အိမ်ဖော်မနဲ့ ကိုယ့်သားကို အိမ်ထောင်ချပေးရက်တဲ့ အမေ ~~~~~