"ဟိတ် မင်းက ဘယ်သူလဲ~~~~~"
ခြံထဲမှာ ပန်းပင်ရေလောင်းနေတဲ့ အဖြူရောင်ကောင်လေး ...ဒီကောင်လေးကို ခြံဝန်းထဲမှာ တချိန်တခါမျှ မမြင်ဖူးချေ ....အလုပ်သမား အသစ်ဆိုလဲ အမေက ကျွန်တော့ကို အသိမပေးပဲ အလုပ်မခန့်ဖူးချေ.......
"ကျွန်တော်က Choi arjashi ရဲ့ တူပါ သခင်လေး~~"
ရေပိုက်ကိုချကာ အလန့်တကြား နှုတ်ဆက်လာတဲ့ ထိုကောင်လေးကို သူ ခေါင်းအစ ခြေအဆုံးကြည့်နေမိသည်......ရေစက်တွေ တွဲခိုနေတဲ့ မျက်နှာလေးနဲ့ တစက်စက်တုန်ရီနေတဲ့ နှူတ်ခမ်းသား ..
"မင်း...အင်္ကျီသွားလဲသွား..."
"ဗျာ ...ကျွန်တော့အလုပ်တွေ..."
"ငါမင်းရဲ့ အလုပ်ရှင် ငါ့စကားကို နာခံ သွား..."
"ဟုတ် သခင်လေး~~~~"
ထွက်သွားတဲ့ကောင်လေးရဲ့ကျောပြင်တချက်ကြည့်ပီး
"နေဦး မင်းနာမည် ဘယ်သူလဲ"
"Do Kyung Soo ပါ သခင်လေး "
"ကောင်းပီ သွားတော့~~~~~~"
ဦးညွတ်ကာ ထွက်သွားပီဖြစ်တဲ့ ကောင်လေး အကြောင်းကို စုံစုံလင်လင်သိလိုငြား သူ choi အိမ်ထိန်းတော်ဆီခြေလှမ်းဦးတည်မိလ်ုက်သည် ......
•••~~~•••~~~•••~~~•••
"ဘာလို့များလဲ သခင်လေး ကျွန်တော့တူလေးကို သဘောမတွေ့လ်ု့များလား သူဘာအမှားလုပ်မိလို့များလဲ သခင်လေး ~~~~~~"
အိမ်က အလုပ်သမားတွေအကြောင်း မမေးတတ်တဲ့ သူဟာ
ထိုကောင်လေး အကြောင်းကို ထူးဆန်းစွာ မေးမိတော့
အိမ်တော်ထိန်း Choi က အလန့်တကြား စကားဆိုလာ၏~~~~~~~"ဘာရယ်မဟုတ်ပါဘူး~~~အမေက ကျွန်တော့ကို မပြောပဲ အလုပ်သမား အသစ်ခန့်တော့ နည်းနည်းထူးဆန်းလို့ပါ~~~~~"
လက်ပိုက်ကာ လက်တဖက်က နားထင်ကို လက်ညိုးနဲ့ထောက်ရင်း ပြောလိုက်တဲ့အချိန် သူ့အကြည့်က အနောက်က အိမ်လေးဆီ ရောက်သွားတော့ ပြတင်းပေါက်ကနေ
Do Kyung Soo ဆိုတဲ့ ကောင်လေးက shirtless နဲ့ သူ့က်ုပြူးကြည့်နေပြီး ရှက်ရှက်နဲ့ တံခါးပိတ်သွားပုံရသည် ~~~~~~~~~