Ep.2

2.3K 195 17
                                    

My Secretary is My Crush
~~~

Zawgyi

"Bae Irene-shi..ဝင်လို့ရပါပြီ"

အပေါက်နားက staffစကားကြောင့် Ireneလည်း
မက်တပ်ရပ်လိုက်ကာ သူ့စကပ်ကိုဆွဲချလိုက်ပြီး အင်္ကျီ
ကို နည်းနည်းဆွဲဆန့်လိုက်သည်။

ပြီးနောက်အသက်ဝဝရှူကာ ရုံးခန်းထဲကို ဖြည်းဖြည်း
ချင်း ဝင်သွားလိုက်သည်။

ရုံးခန်းထဲရောက်တော့ အနေအထားကိုကြည့်ပြီး အံ့ဩ
သွားတဲ့ Ireneကိုမြင်တော့ သူဌေးဟုထင်ရသော အမျိုးသမီးက ထိုင်နေရာကနေ ဆိုဖာဆီကို လျှောက်
လာသည်။

"ဆိုဖာမှာထိုင်ပါ Bae Irene-shi~"

"ရှင်? Interviewမှာ မဟုတ်ဘူးလား?"

"ဟုတ်ပါတယ်။ တို့ကမင်းကို အလုပ်ခန့်ဖို့ ရွေးထား
ပြီးသားမို့ ဒီလိုတန်းခေါ်လိုက်တာပါ"

"ရှင်! အာ..ဟုတ်ကဲ့"

Ireneလည်း ကြောင်တောင်တောင်နဲ့ သူမပြောတဲ့
အတိုင်း ဆိုဖာမှာ ကျုံ့ကျုံ့လေး ထိုင်လိုက်သည်။

"ကျွန်မက တခြားလူတွေလည်း ရှိမယ်ထင်ခဲ့တာ"

"မင်းအတွက် နည်းနည်းထူးဆန်းနေမယ်ဆိုတာ တို့
သိပါတယ်။ ဒါပေမယ့်တို့က မင်းကိုအလုပ်ခန့်ဖို့ ရွေး
ထားတာမို့ မင်းစိတ်အေးအေးထားလို့ ရပါတယ်။ ဒါ
ပေမယ့် မင်းကိုတို့ကPersonal secretary အဖြစ်ခန့်မှာဆိုတော့ တို့တောင်းဆိုတာတွေကို မင်း
လုပ်နိုင်ယ်ဆိုမှ အလုပ်ခန့်မှာပါ။ ဘယ်လိုလဲ တို့
ပြောတာကိနားလည်ရဲ့လား?"

"ဟုတ်..ဟုတ်ကဲ့"

"မင်းကြည့်ရတာ သိပ်နားမလည်တဲ့ပုံပဲ။ တို့ရှင်းပြတာ
ကို အရင်နားထောင်ပါ။ တို့မှာ အတွင်းရေးမှူးတစ်
ယောက်ရှိပြီးသားပါ။ ဒါပေမယ့်သူက ယောကျာ်းလေး လည်းဖြစ်နေပြီး အလုပ်ထဲမှာ အချိန်ပြည့်နေရလောက်
အောင် အလုပ်များတယ်။ အဲ့ဒါကြောင့်သူနဲ့ အတူတွဲ လုပ်ပေးနိုင်မယ့်လူကို ရှာနေတာ။ ပြီးတော့ တို့ပြောခဲ့ တဲ့အတိုင်း Personal secretary ဆိုတာ အလုပ်ကိစ္စတွေတင်မဟုတ်ပဲ Personalကိစ္စတွေ
ကိုပါ လုပ်ပေးနိုင်မယ့်လူကို ပြောတာပါ။များသောအား
ဖြင့်ကတော့ အလုပ်ကိစ္စပဲ လုပ်ရမှာဆိုပေမယ့် ကုန်
တိုက်ရဲ့Project အသစ်အတွက် တို့အလုပ်အရမ်း များနေလို့ အတွင်းရေးမှူးအသစ်တစ်ယောက် ထပ်ရှာခဲ့
တာ။ အဓိကကတော့ တို့ရဲ့သမီးလေးကြောင့်ပါ"

My Secretary is My CrushWhere stories live. Discover now