My Secretary is My Crush
~~~"Hyun-ah~"
သူမဘဲလ်ကို တီးလိုက်တာနဲ့ အိမ်တံခါးပွင့်လာပြီး
အထဲမှ ရင်းနှီးနေတဲ့ နူးညံ့တဲ့ ခေါ်သံတစ်ခုက ဆီးကြို
နေတယ်။"မေမေ~"
သူမဆီက အသံကြားသည်နှင့် သူမအမေက သူမကို
လျင်မြန်စွာ ဆွဲဖက်လိုက်ပြီး ကျောလေးကို ပွတ်သပ်
ကာ"လွမ်းနေတာ သမီးရယ်"
"သမီးရောပါပဲ"
အိမ်ကိုပြန်မလာဖြစ်တာ သုံးနှစ်ကျော်ပြီဆိုပေမယ့်
သူမအမေကတော့ သူမကို မပြောင်းလဲတဲ့ နွေးထွေး
မှုတွေပေးဆဲပင်။သူမ သူမအမေရဲ့ရင်ခွင်ထဲကနေ နောက်ကိုကျော်
ကြည့်မိတော့မှ သူမအဖေ ရပ်နေတာကို မြင်လိုက်
သည်။"ဖေဖေ~"
သူမခေါ်သံကြောင့် သူမအဖေရဲ့မျက်ဝန်းတွေက
နွေးထွေးလာပြီး သူမကို လွမ်းဆွတ်တမ်းတမှုအပြည့်
မျက်ဝန်းတွေနဲ့ ကြည့်လာသည်။"ဖေဖေ!"
သူမ သူမအဖေရဲ့ဖြူဖွေးစပြုနေတဲ့ ဆံပင်တွေကို
မြင်ပြီး အဖေဖြစ်သူရဲ့အိုမင်းလာမှုကို သတိထားမိ
သွားသည်။ လွန်ခဲ့တဲ့နှစ်တွေက သူမတို့အားလုံး
အတွက် အဆိုးဆုံးတွေ ဖြစ်ခဲ့ပေမယ့် သူမကတော့
သူမပဲ နာကျင်ခဲ့ရတယ်လို့ ထင်နေခဲ့တယ်။ သူမရဲ့
မိဘတွေက သူမထက်နာကျင်နေရမှာကို သူမ,မတွေး
မိခဲ့ဘူး။သူမမျက်ဝန်းထဲမှာ မျက်ရည်တွေ ပြည့်လာပြီးနောက်
အဖေဖြစ်သူရဲ့ ရင်ခွင်ထဲကို တိုးဝင်လိုက်သည်။"သမီးမှားသွားပါတယ်။ သမီးရဲ့မရင့်ကျက်မှုတွေကို
ခွင့်လွှတ်ပေးပါ ဖေဖေရယ်""အဆင်ပြေတယ်။ သမီးအခု အိမ်ပြန်ရောက်လာပြီပဲ"
"ဒီကလေးလေးက သမီးတို့သူဋ္ဌေးရဲ့ကလေးလား?"
သူမ မိဘတွေကိုမြင်ပြီး Yerimကို မေ့သွားကာ
အမေဖြစ်သူပြောမှ သတိဝင်လာကာ Yerimလက်ကို
ပြန်ကိုင်ထားလိုက်ပြီး
ESTÁS LEYENDO
My Secretary is My Crush
De Todoကလေးလေးတစ်ယောက်နဲ့ ကုန်တိုက်ကြီးတစ်ခုလုံးကို ဦးစီးနေရတဲ့ အသက်ငယ်ငယ် smartကျကျ မိန်းကလေး တစ်ယောက်ဆီကို မမျှော်လင့်ထားတဲ့ မိန်းကလေးတစ်ယောက်က အတွင်းရေးမှူးအဖြစ် ရောက်လာသောအခါ...💙💗 ကလေးလေးတစ်ယောက်နဲ့ ကုန်တိုက်ကြီးတစ်ခုလုံးက်ို ဦးစီးနေရတဲ့ အသက်ငယ်ငယ်...