My Secretary is My Crush
~~~နေရောင်က မျက်နှာပေါ်ကို စူးခနဲကျလာတာကြောင့်
Wendyနိုးလာပြီး နိုးနိုးချင်း ခေါင်းထဲမှာ စူးခနဲခံစား
လိုက်ရသည်။"ငါညက အိမ်ကို ဘယ်လိုပြန်ရောက်လာတာလဲ?"
မနေ့က အိမ်ကနေထွက်သွားပြိီး Seulgiနဲ့တွေ့ကာ
ညနေစောင်းတော့ Barမှာ စိတ်ပြေလက်ပျောက်
သွားသောက်ခဲ့ကြသည်။ မသောက်တာလည်းကြာပြီ
ဖြစ်ပြီး ထိုနေ့ကအရမ်းလည်း ဝမ်းနည်းနေတာကြောင့်
စိတ်လွတ်ကိုယ်လွတ် သောက်မိပြ်ီး မှောက်သွားတာ
ကိုပဲ သူမ မှတ်မိလိုက်တော့သည်။"Seulများ လိုက်ပို့တာလား? နေဦး သူက ငါ့ထက်
တောင် ပိုသောက်ပြီး ပရမ်းပတာတွေ ထိုင်ပြောနေတာ
ငါ့ကိုလိုက်ပို့နိုင်မယ် မထင်ဘူး။ ပြီးတော့ မနေ့က
အိမ်မှာ Yerimနဲ့ အတွင်းရေးမှူးBae ကျန်ခဲ့တာပဲ"Wendyညကကိစ္စတွေကို မမှတ်မိပေမယ့်လည်း
သူမ မူးရင်ဖြစ်တတ်တဲ့ အကျင့်ကြောင့် Irene ကို
ဒုက္ခပေးမိပြီဆိုတာကို တွေးမိပြီး အားနာသွားသည်။"နောက်တစ်ခါ ငါသောက်မှာကို မတားရင် နင့်ကို
သတ်ပစ်မယ် Kang Seulgi!!"ထိုအချိန်တွင် Seulgiတစ်ယောက် အိပ်နေရာမှ
ဆတ်ခနဲနှိုးလာပြီး ရှုံ့မဲ့လျက် ထထိုင်လိုက်သည်။"Wendy Shonက အိမ်မက်ထဲမှာတောင် ငါ့ကို
ဒုက္ခပေးတယ်။ တကယ့် မကောင်းဆိုးဝါးပဲ ကြောက်
စရာကောင်းလိုက်တာ အမလေးး"Seulgi မှုန်ကုတ်ကုတ်နဲ့ ရေရွတ်ပြီး ပြန်အိပ်လိုက်
သည်။Irene မီးဖိုခန်းထဲမှာ မနက်စာပြင်ဆင်နေချိန်
ခြေသံကြားတာကြောင့် လှည့်ကြည့်လိုက်တော့
Wendyတစ်ယောက် နားထင်ကိုဖိကာ ဖြည်း
ဖြည်းချင်း လျှောက်လာတာကို တွေ့လိုက်ရသည်။"Wan...Ms.Shon နိုးပြီလား" သူမညက ခေါ်တဲ့အတိုင်း မှားခေါ်မိမလို့ ဖြစ်သွားပေမယ့်
အချိန်မီပြင်ခေါ်လိုက်တာကြောင့် Wendy
မကြားလိုက်ပေ။
YOU ARE READING
My Secretary is My Crush
Randomကလေးလေးတစ်ယောက်နဲ့ ကုန်တိုက်ကြီးတစ်ခုလုံးကို ဦးစီးနေရတဲ့ အသက်ငယ်ငယ် smartကျကျ မိန်းကလေး တစ်ယောက်ဆီကို မမျှော်လင့်ထားတဲ့ မိန်းကလေးတစ်ယောက်က အတွင်းရေးမှူးအဖြစ် ရောက်လာသောအခါ...💙💗 ကလေးလေးတစ်ယောက်နဲ့ ကုန်တိုက်ကြီးတစ်ခုလုံးက်ို ဦးစီးနေရတဲ့ အသက်ငယ်ငယ်...