My Secretary is My Crush
~~~သူမတို့ Hawaiiကိုရောက်တော့ Wendyက
အားလုံးအတွက် အခန်း၅ခန်းပါတဲ့ သီးသန့်villa
တစ်ခုဌားလိုက်သည်။"ပစ္စည်းတွေနေရာချပြီးရင် လျှောက်ကြည့်တာဖြစ်ဖြစ် အနားယူတာဖြစ်ဖြစ် လုပ်ကြပေါ့ ကလေးတွေ။
Yerimကို ဒေါ်လေးအခန်းထဲမှာ သိပ်ထားလိုက်
မယ်။ ပေး...Wendy-ah""ဟုတ်...ဒေါ်လေး"
Wendyသူမလက်ပေါ်မှာ အိပ်ပျော်နေတဲ့ Yerim
ကို အဒေါ်ဖြစ်သူ လက်ထဲပြောင်းပေးလိုက်သည်။"ညကျရင် အလွန်အကျွံတွေ လုပ်မလာနဲ့နော် Seul"
Wendyတစ်ယောက် အခန်းထဲမဝင်ခင် Seulgi
နားကပ်ပြီးပြောလိုက်သည်။"ငါနဲ့အတူမလိုက်ဘူးလား?"
"နိုး...ဆရာမရော အတွင်းရေးမှူးBaeရော ပါနေတာ
ကိုယ့်ဘာသာ,သာ ဆင်ဆင်ခြင်ခြင်နေ""ဟုတ်ကဲ့ပါ Yerimရဲ့Mommy"
"Unnie အဆင်ပြေရဲ့လား? ငါရေချိုးလိုက်ဦးမယ်"
"ရပါတယ်"
Joyကပြောပြီး ဝင်သွားတော့ Ireneကို Wendy
လှမ်းကြည့်လိုက်သည်။ ခရီးပန်းနေပြီး နွမ်းလျနေတဲ့
Irene ပုံကြောင့် သူမစိတ်ပူသွားသည်။"ခရီးပန်းနေတာလား အတွင်းရေးမှူးBae?"
"ဟုတ်...ခရီးဝေးက သွားလေ့သွားထမရှိတော့လေ။
ခဏနားလိုက်ရင် အဆင်ပြေသွားမှာပါ""ဟုတ်ပါပြီ...နားလိုက်နော်"
Irene လည်း ပင်ပန်းနေတာကြောင့် စကားသိပ်
မပြောနိုင်ပဲ အခန်းထဲ ဝင်သွားလိုက်သည်။ဒေါက်...ဒေါက်
Irene အခန်းထဲဝင်ပြီး ခဏအကြာ တံခါးခေါက်သံ
ကြောင့် ထလာပြီး ဖွင့်ပေးလိုက်သည်။"Ms.Shonက ဒီအခန်းကို သံပုရာရည်ပို့ခိုင်းလို့ပါ"
"Ms.Shonက?"
"ဟုတ်ကဲ့...ဒီမှာပါ"
"အာ...ဟုတ်။ ကျေးဇူးပါပဲ"
YOU ARE READING
My Secretary is My Crush
Randomကလေးလေးတစ်ယောက်နဲ့ ကုန်တိုက်ကြီးတစ်ခုလုံးကို ဦးစီးနေရတဲ့ အသက်ငယ်ငယ် smartကျကျ မိန်းကလေး တစ်ယောက်ဆီကို မမျှော်လင့်ထားတဲ့ မိန်းကလေးတစ်ယောက်က အတွင်းရေးမှူးအဖြစ် ရောက်လာသောအခါ...💙💗 ကလေးလေးတစ်ယောက်နဲ့ ကုန်တိုက်ကြီးတစ်ခုလုံးက်ို ဦးစီးနေရတဲ့ အသက်ငယ်ငယ်...