Ep.14

1.7K 173 36
                                    

My Secretary is My Crush
~~~

Zawgyi

Hawaii က ပြန်ရောက်တော့ Ms.Shonရော အရာအားလုံးရော ပုံမှန်အတိုင်းပဲ ပြန်ဖြစ်သွားသည်။

အားလုံးပုံမှန်အတိုင်း ဖြစ်ပြီဆိုတော့ ကျွန်မလည်း
ပုံမှန်အတိုင်း ဖြစ်ဖို့လိုတယ်ဆိုတာ သိပေမယ့်လည်း
Ms.Shonအပေါ် ကျွန်မရဲ့ ခံစားချက်တွေကို
ဖုံးကွယ်ဖို့ ခက်ခက်ခဲခဲကြိုးစားနေရသည်။

Hawaiiတုန်းက Ms.Shonနဲ့ ကျွန်မကြားမှာ
ပုံမှန်ထက် အနည်းငယ် နီးစပ်လာတယ်လို့ ထင်ပေ
မယ့်လည်း အခုတော့ Ms.Shonရဲ့ခေါင်းထဲမှာ Yerimနဲ့ ကုန်တိုက်ကလွဲလို့ ဘာမှရှိပုံမရ။

ကျွန်မလို သာမန်ဝန်ထမ်းတစ်ယောက်က အလုပ်ရှင်
ဆီမှာ လိုချင်တာတွေက များ,များနေပြီလားလို့ တွေး
မိသည်။ အဲ့ဒါကြောင့် ကျွန်မရဲ့ခံစားချက်တွေကို ထပ်
ပြီး ဖုံးကွယ်ထားတာပဲ အကောင်းဆုံးဖြစ်မည်ဟု ဆုံး
ဖြတ်ခဲ့သည်။

"အသစ်ဆောက်မယ့် ဆိုင်ခန်းတွေအတွက် နမူနာပုံစံ
တွေ ယူလာပေးပါ"

"ဟုတ်ကဲ့...Ms.Shon"

သူမ Irene ကို ပြောပြီးနောက် ဖုန်းသံမြည်လာတာ
ကိုင်လိုက်သည်။

"အတွင်းရေးမှူးBae သွားလို့ရပြီ"

"ဟုတ်ကဲ့"

"အိမ်ထောင်ဖက် တွေ့ရမယ် ဟုတ်လား ဒေါ်လေး?"

တံခါးလက်ကိုင်ကို ကိုင်ခါနီး Irene လက်များ
လေပေါ်တွေ ရပ်တန့်သွားသည်။

"သမီးမလုပ်ဘူးလို့ ပြောထားတယ်လေ ဒေါ်လေး"

Wendy သူမစကားသံ ကျယ်သွားတာကြောင့် တံခါး
ဝမှာ ရပ်နေတဲ့ Irene ကို လှမ်းကြည့်လိုက်ကာ

"ဘာပြောစရာရှိသေးလို့လဲ အတွင်းရေးမှူးBae?"

"မ...မရှိပါဘူး"

"Sample တွေ အမြန်လိုချင်တယ်နော်"

"ကောင်းပါပြီ"

Irene ထွက်သွားတော့မှ Wendyဖုန်း ပြန်ပြော
လိုက်သည်။

"ဒေါ်လေး ဒီကိုလာတာ အပန်းဖြေခရီးထွက်ဖို့ပဲ
မဟုတ်ဘူး Wendy! Canadaက ဒေါ်လေး
သူငယ်ချင်းရဲ့သားနဲ့ ဒီရောက်တုန်း မင်းနဲ့တွေ့ပေး
ချင်လို့ပဲ"

My Secretary is My CrushWhere stories live. Discover now