Ep.10

1.6K 160 20
                                    

My Secretary is My Crush
~~~

Zawgyi

"ကြွပါဧည့်သည်"

ဝင်ပေါက်မှာ ရပ်နေတဲ့ မိန်းကလေးနှစ်ယောက်က သူမကိုဦးညွတ်ရင်း ဖော်ရွေစွာပြောသည်။

"ဟို..ဒီကဆိုင်ရှင်နဲ့ တွေ့လို့ရမလား?"

"ကျွန်မတို့သူဋ္ဌေးက အလုပ်ကိစ္စနဲ့ အပြင်ကိုခဏ
သွားနေတာ။ ဘယ်သူလဲမသိဘူး သူဋ္ဌေးနဲ့ချိန်းထား
လို့လား?"

"အစ်မက Joyမဟုတ်လား?"

သူမပြောရခက်နေစဉ် အနောက်က မိန်းကလေး
တစ်ယောက် ထပ်ရောက်လာသည်။

"ဟုတ်ပါတယ်"

"သူဋ္ဌေးကမကြာခင် ပြန်လာတော့မှာပါ။ ပြီးတော့ အစ်မလာခဲ့ရင် သူ,မရှိလည်း အဆင်ပြေအောင် လုပ်
ပေးဖ်ို့ ကျွန်မကိုပြောထားပါတယ်။ သူဋ္ဌေးကိုစောင့်ရင်း
ဆံပင်ပြင်မလား?"

"အာ...အဲ့..အဲ့လိုလုပ်လိုက်ပါ"

"ဟုတ်ကဲ့ ဒီဘက်ကို ကြွပါရှင့်"

Joyလည်း Seulgiမရှိဘူးဆိုတာကြောင့် ပြန်လိုက် ချင်ပေမယ့် လာလက်စနဲ့ တွေ့သွားတာပိုကောင်းမယ်
ဟုတွေးကာ ခုနကမိန်းကလေး ခေါ်သည့်နောက်ကို
လိုက်သွားလိုက်သည်။

ဒီလိုနေရာတွေက သူမအတွက် အစိမ်းသက်သက်လို
ဖြစ်နေတာကြောင့် သူမအနည်းငယ် စိတ်ကျဉ်းကျပ်
မိသည်။

"ဒီမှာထိုင်ပါရှင့်"

သူမဆံပင်ပြင်ဖို့ ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။

"ဘယ်လိုပုံစံမျိုး လိုချင်လဲအစ်မ?"

"ကျွန်မ သေ..သေချာမပြောတတ်ဘူး"

"ဒါဆိုအစ်မနဲ့ လိုက်မယ့်ပုံလေးပဲ လုပ်ပေးလိုက်
မယ်နော်"

"အာ...ဟုတ်..ဟုတ်ကဲ့"

မိနစ်20 လောက်ကြာတော့ Seulgiနဲ့မိန်းကလေး
တစ်ယောက် ရယ်မောပြီး စကားပြောရင်း ဝင်လာတာ
ကို မှန်ထဲကနေ သူမ မြင်လိုက်ရသည်။

"ဆရာမ?"

"အိုး...ဆရာမ တကယ်ရောက်လာတာပဲ"

My Secretary is My CrushWhere stories live. Discover now