Ep.7

2.1K 184 28
                                    

My Secretary is My Crush
~~~

Zawgyi

အဖြူရောင် နှစ်ထပ်တိုက်အိမ်ကြီးရဲ့ ခြံရှေ့မှာ ရပ်နေ
တဲ့ လိမ္မော်ရောင်ဆံပင်နဲ့ ကောင်မလေးတစ်ယောက်။

နှစ်တိုင်း ဒီလိုနေ့ဆို ဒီအိမ်ရှေ့ကို လာတတ်ပေမယ့်
တစ်ခါမှတော့ အထဲကို မဝင်ဖြစ်ခဲ့ပေ။

သူမ သတ္တိမရှိခဲ့ဘူး...အထဲက ကလေးရယ်သံတွေ၊
စကားပြောနေတဲ့ မိန်းမတစ်ယောက်ရဲ့ အသံတွေကို
ကြားလိုက်တိုင်း မျက်ရည်မကျမိအောင် ထိန်းရင်း နာ
နာကျင်ကျင်ပဲ ပြုံးမိသည်။

*ပျော်နေတာကိုသိရလို့ ဝမ်းသာပါတယ် မေမေ*

သူမအတွေးထဲမှာ ပြောလိုက်ပြီး ကောင်းကင်ကို
မော့ကြည့်လိုက်ကာ

*နှစ်တွေအများကြီးကြာခဲ့ပြီနော်...ဖေဖေ။ မေမေ
လည်း အခုပျော်နေပြီမို့ ဖေဖေရော အဲ့မှာပျော်အောင်
နေမှဖြစ်မယ်။ သမီးလည်း သမီးနေရာမှာ အဆင်ပြေ
အောင်နေနေတာမို့ ဒီထက်ပိုပြီး သမီးကို စိတ်ပူစရ
ိုတော့ပါဘူး*

သူမတစ်ချက်ပြုံးလိုက်ကာ ကားပေါ်တက်လိုက်ပြီး
ထိုနေရာမှ မောင်းထွက်ခဲ့လိုက်သည်။

*ဟမ်..ဒါက Yerimရဲ့မူကြိုကိုသွားတဲ့လမ်းမလား*

မူကြိုနားကိုရောက်တော့ ကားကိုအရှိန်လျော့ကာ အထဲ
ကို လှမ်းကြည့်လိုက်သည်။

*ဒါကတယောသံမလား?*

အထဲက တယောသံကို ကြားလိုက်တော့ Yerim
ပြောခဲ့တဲ့စကားကို သတိရသွားသည်။

*ဒါဆိုတယောထိုးနေတာ ဟိုတစ်နေ့က ကောင်မလေး
များလား?*

သူမတယောသံကို ပိုကြားချင်တာကြောင့် ကားကိုဘေး
ကပ်ရပ်လိုက်ပြီး အထဲကို ဝင်လာခဲ့သည်။

ခြံထဲက သစ်ပင်အောက်က ခုံရှည်လေးမှာ ထိုင်လိုက်
ပြီး တယောသံကို ငြိမ်ငြိမ်လေးနားထောင်နေမိသည်။

ပုံမှန်ဆိုတယောသံတို့ ပီယာနိုသံတို့ကို သူမမကြိုက်ပါ။
သူမအတွက်တော့ အဲ့တူရိယာသံတွေက ပျင်းဖို့ကောင်း
ပြီး နားထောင်မိရင် အိပ်ချင်လာသည်။

My Secretary is My CrushTahanan ng mga kuwento. Tumuklas ngayon