💕 4 💕

5.6K 611 28
                                    

Zawgyi

" တကယ်ပြန်ရတော့မှာလား "

" မပြန်ချင်သေးဘူးလို့! "

ရှိသမျှအထုပ်တွေကို ကားနောက်ခန်းထဲထည့် သေချာနေရာချနေတုန်း စူအောင့်နေသည့်အသံလေးနဲ့ အနောက်မှတကောက်ကောက်လိုက်နေသည့် အသေးလေး...။

နှစ်ရက်တာခရီးစဉ်က လည်ပတ်ဖို့အတွက် သူ့အတွက်မလုံလောက်မှန်းသိသည်...။

သို့ပေမယ့်...

ကျောင်းတစ်ဖက်နဲ့အသေးလေးရယ် အလုပ်တစ်ဖက်နဲ့ကိုယ်ရယ်

အစကတည်းက နှစ်ယောက်စလုံးအတွက် အဆင်ပြေအောင်စီစဉ်ထားတာမို့ ဂျယ်ဂျူဟန်းနီးမွန်းသည် နှစ်ရက်ဆိုတာနဲ့ပြီးဆုံးခဲ့၏...။

" မနက်ဖြန်မှပြန်လို့မရဘူးလားဟင် "

မောင်းသူနေရာမှာဝင်ထိုင်ဖို့အတွက် ကားလက်ကိုင်ကိုဆွဲဖွင့်ဖို့ရွယ်တုန်း လက်မောင်းကိုလာဖက်ကိုင်ပြီး မျက်နှာငယ်နဲ့ပြောရှာသည်...။

စိတ်မကောင်းပေမယ့်လည်း အလိုလိုက်လို့မဖြစ်

အထက်တန်းကိုကျော်လွန်ဖို့အတွက် ဖြေဆိုရတော့မည့်စာမေးပွဲက နီးကပ်လာပြီမဟုတ်လား...။

" နောက်မှ စာမေးပွဲပြီးရင် ထပ်လာကြတာပေါ့ "

ဆံပင်ပျော့ပျော့ဆီသို့ ဖွဖွလေးပုတ်ပြီး ချော့မော့ပြောတဲ့အခါ ဆူအောင့်အောင့်နှင့် ကားတစ်ဖက်ခြမ်းမှာဝင်ထိုင်သည်...။

ကိုယ့်နေရာကိုယ်ဝင်ထိုင်လိုက်ပြီး အသေးလေးဘက်ကို ခဏစောင်းကြည့်လိုက်ရင်း ကားဘီးရာအချို့တို့အား

ဂျယ်ဂျူကျွန်း၌ ကျန်ရစ်စေခဲ့သည်...။

ကားမောင်းလာတဲ့တစ်လျှောက် စိတ်ကောက်နေပုံရတဲ့အသေးလေးက တစ်ချက်လေးမှပင် စကားစမလာပါ...။

ခါတိုင်း ဘေးမှာ ပေါက်ပေါက်ဖောက်နေတတ်တဲ့ အသေးလေးက နည်းနည်းလေးတောင် လှည့်မကြည့်လာတော့

စိတ်ထဲမတင်မကျဖြစ်နေတဲ့ ကိုယ်,ကိုယ်တိုင်လည်း ဘာဖြစ်နေမှန်းကိုမသိ...။

" စိတ်...ဆိုးနေတာလား "

" မဆိုးဘူး "

နှုတ်နဲ့အမူအရာ တခြားစီဖြစ်နေမှန်း သိသာလွန်းသည်...။

My Little Zhang Where stories live. Discover now