💕 11 💕

4.9K 545 33
                                    

Zawgyi

" ဒါလေးစား ကလေးလေး "

" ဒီဟာရော ယူသွားနော် "

" ဒီချောကလက်လေးလည်းစား "

" ကြိုက်လား "

" အကုန်ယူသွားလို့ရတယ် ကလေးလေး "

" နို့သောက်ဦး "

" ဘာစားချင်သေးလဲ "

ကျောင်းပိတ်ရက်မှာ Yixingအလုပ်ကိုလာပြီး ရုံးတစ်ခုလုံးကို စပ်စပ်စုစုလေးနဲ့ လျှောက်ပတ်ကြည့်နေရင်း

ဒီဇိုင်းအဖွဲ့ဌာနရဲ့ ဝန်ထမ်းမမတွေဆီမှာ ဝိုင်းအချစ်ခံနေရသော Junလုံးလေး ။

နေ့လည်စာစားချိန်အတွက် ယူလာသမျှမုန့်တွေကို ကလေးလေးလက်ထဲ ဟိုလူကထိုးပေးလိုက် ဒီလူကထည့်ပေးလိုက် ။

မုန့်တွေအများကြီးရသည့် ကောင်လေးကလည်း ပြုံးပြုံးပျော်ပျော်နဲ့ ။

" ချစ်ဖို့ကောင်းလိုက်တာ "

" ပါးလေးတွေက ဖောင်းနေရောပဲ "

" Junလုံးလေးက ချစ်ဖို့ကောင်းတယ်မလား
ဟုတ်တယ်မလား "

" ဒါပေါ့ ကလေးလေးက အရမ်း
အရမ်းချစ်ဖို့ကောင်းတယ် "

" ဟိဟိ "

" မမကချစ်လို့ ကလေးလေးကို
ဒီအရုပ်လေးပေးမယ် "

" သင့်ခ်ယူ
ဦးကျန်းဆီ သွားလိုက်ဦးမယ်နော် "

စားပွဲပေါ်က အရုပ်သေးသေးလေးကို လှမ်းပေးလိုက်သော မမဆီမှယူကာ ခုန်ပေါက်ပြီးထွက်သွားသည့် Junလုံးလေးက မြင်မြင်သမျှလူတိုင်းရဲ့ အချစ်ခံလေး ။

💕

တတောက်တောက်နှင့် အခန်းထဲကိုလှိမ့်ဝင်လာသော သကြားလုံးတစ်လုံး

အလုပ်စားပွဲကနေ သူလှမ်းကြည့်သည့်အချိန်မှာ တံခါးပေါက်ဟစိဘဲပွင့်နေသည့် ရုံးခန်းအဝမှာ ခေါင်းလေး အရင်ပြူထွက်လာသည့် အသေးလေး ။

" မမတွေကျွေးလိုက်တာ ဟီး "

lollipop တစ်ချောင်းကို ငုံထားရင်း တံခါးကိုပြန်ပိတ်လိုက်ပြီး ကျသွားသောသကြားလုံးကိုလည်း ပြန်ကောက်ပြီးမှ လက်ဖဝါးသေးသေးထဲက မုန့်တွေကို စားပွဲပေါ်လာတင်သည် ။

My Little Zhang Where stories live. Discover now