💕 10 💕

5K 580 69
                                    

Zawgyi

ကားတချို့ဖြတ်ပြေးနေတဲ့ လမ်းမရဲ့ဘေး

သစ်ပင်ကြီးကြီးတွေရဲ့အောက် အရိပ်ရှိတဲ့နေရာကိုသာ ရွေးပြီးလျှောက်နေတာမြင်တော့ ကားကိုဖြေးဖြေးချင်းနဲ့ တစ်လှိမ့်ချင်းသာ အရှိန်လျော့ပစ်လိုက်သည် ။

ကျောပိုးအိတ်ကြိုးနှစ်ဖက်ကို ဆုပ်ကိုင်ပြီး ခုန်ပေါက်သွားနေတဲ့ ကလေးငယ်က လှုပ်တုတ်လှုပ်တုတ်နဲ့ ။

ဖွေးဥနေတဲ့ ခြေတံတိုတိုတုတ်တုတ်လေးတွေက ခဲလုံးတွေကို ကန်နေပြီး တစ်ခါတစ်ခါကျပြန်တော့လည်း လမ်းဘေးမှာ ရာသီအလိုက် အလေ့ကျပေါက်လေ့ရှိတဲ့ အပင်ငယ်တွေကို ခုန်ကျော်နေသေး၏ ။

ပြည့်ဖောင်းပြီး လုံးတစ်နေတဲ့ ခန္ဓာကိုယ်လေးက အင်္ကျီထူထူရဲ့အောက်မှာ နစ်မြုပ်နေပြီး လှုပ်စိလှုပ်စိနဲ့ သွားနေတာက ကလေးတစ်ယောက်လိုဘဲ ။

ခပ်ကြီးကြီးခဲလုံးကို ကန်မလို့လုပ်ရင်း ခလုတ်တိုက်သလိုဖြစ်သွားတော့ နာသွားတဲ့ခြေချောင်းလေးကို ကိုင်ပြီး ဆူပွပွလုပ်နေတာကလည်း ချစ်စရာကောင်းလို့ Yixingပါလိုက်ပြုံးမိလိုက်သေးသည် ။

နှုတ်ခမ်းထော်နေရာကနေ မဲ့တဲ့တဲ့လေးဖြစ်လာတော့ သူ့မှာ အထိတ်တလန့်နဲ့ ကားပေါ်ကပြေးဆင်းရရော ။

" ဘာဖြစ်တာလဲ "

" ပဲ့သွားပြီ "

သူ့ကိုမော့ကြည့်ပြီး အောက်ကိုလက်ညိုးထိုးပြမှ သတိထားမိလိုက်တာ ပါးလွှာတဲ့ညှပ်ဖိနပ်ကြောင့် ပေါ်လှစ်နေတဲ့ခြေညိုးထိပ်လေးက သေးသေးလေးပဲ့ထွက်နေတဲ့ ခြေသည်းခွံလေး ။

" ခင်ဗျားလေးက လမ်းသွားတာ
ငြိမ်ငြိမ်မှမသွားဘဲ တွေ့သမျှလိုက်ကန်နေတာကိုး "

" အွန် သိတယ်? "

အညိုရောင်ဆံပင်ပျော့ပျော့တချို့ ဖုံးအုပ်ထားတဲ့ နဖူးပေါ်ကို လက်ညိုးနဲ့တွန်းရင်း ဆူသလိုပြောတော့ မျက်ဝန်းဝိုင်းတွေက ဘယ်လိုသိလဲဆိုတဲ့ပုံနဲ့ ။

" ဟိုနားလောက်ထဲက ခင်ဗျားလေးနောက် လိုက်လာတာလေ အကုန်မြင်ပါတယ်နော် "

" ကြည့် ကြည့် စိတ်ကပုပ်တာ တွေ့ရင်လည်းခေါ်ပေါ့
ခု ဦးကျန်းကြောင့် ဒီလိုဖြစ်သွားပြီ တွေ့လား "

My Little Zhang Where stories live. Discover now