💕 17 💕

4K 478 46
                                    

Zawgyi


" ဟင်း "

ဖတ်လက်စ စာအုပ်ကို စားပွဲပေါ်ချပြီး လေပူတွေကို
မှုတ်ထုတ်လိုက်သည် ။ ကိုက်ခဲနေတဲ့ မျက်ရိုးနှစ်ဖက်ကို လက်မ လက်ညိုး သုံးပြီး
စက္ကန့်စာလောက် ညစ်ထားရ၏ ။

စာဖတ်တာ အချိန်အတော် ကြာသွားသည်ထင် ။
နားထင်နှစ်ဖက်က တရိပ်ရိပ်နဲ့ ထိုးတက်နေ၏ ။

တစ်ခွက်စာနီးပါး ကျန်ရှိနေသေးတဲ့ ရေကို
တစ်ခါတည်း အကုန်မော့သောက်လိုက်ပြီး စာဖတ်ခန်းကမီးကို ပိတ်ခဲ့လိုက်သည် ။

တစ်ဖက်အခန်းက တံခါးကို ခပ်ဖြည်းဖြည်းတွန်းဖွင့်ပြီး
ဝင်လာတော့ ထိုင်ခုံပေါ်မှာ တင်ပျဉ်ခွေထိုင်နေတဲ့
အသေးလေးက စာလုပ်နေဆဲဖြစ်သည် ။

တဂျက်ဂျက်မြည်နေတဲ့ တိုင်ကပ်နာရီဆီ အကြည့်ရောက်တော့ သန်းခေါင်ယံကျော်လုနီးနီး ။

" မအိပ်သေးဘူးလား "

" ဟုတ် ကျက်စရာ နည်းနည်းကျန်သေးလို့ "

" မနက်မှ ဆက်ကျက်ချည်
အခု အိပ်တော့ "

" ခဏလေးပဲ ပြီးတော့မှာ "

ခေါင်းတွေခါရင်း စာအုပ်ဆီက အကြည့်မလွှဲ
စာမေးပွဲနီးနေပြီမို့ ဒီလောက် ကြိုးစားနေတာဖြစ်မည် ။

" ဦးရော မအိပ်သေးဘူးလား "

ဘေးနားမှာရပ်နေတဲ့ ကိုယ့်ဆီ မော့ကြည့်ပြီး
အမေးစကား

" အတူတူအိပ်မလို့လေ
စာကျက်ပြီးတဲ့ထိ စောင့်မယ် "

ပန်းသွေးရောင်ပြေးသွားတဲ့ ပါးဖောင်းဖောင်းနှစ်ဖက် ။

" အဟက်! "

ဆက်စမနေတော့ဘဲ ကိုယ်လက်သန့်စင်ပြီးတော့ ကုတင်ခေါင်းရင်းထက် ကျောမှီချရင်း လှုပ်စိလှုပ်စိဖြစ်နေတဲ့ ကျောပြင်လေးကို ထိုင်ကြည့်နေလိုက်သည် ။

စိတ်ထဲ မလုံမလဲ ဖြစ်လာလို့ထင်
လှုပ်ရှားနေသည့် ဖောင်တိန်ကိုင်ထားတဲ့ လက်တွေ
ရပ်တန့်သွားပြီး နောက်ဘက်ကို ခေါင်းစောင်းငဲ့လာရင်း မျက်လုံးထောင့်တွေကနေ စွေကြည့်သည် ။

ခပ်ပါးပါးပြုံးရင်း ' ဘာလဲ ' ဆိုတဲ့ သဘောနဲ့ မျက်ခုံးတစ်ချက်ပင့်ပြတော့ အကြည့်လွှဲကာ ရှေ့လှည့်သွားပြီး စာဆက်ကျက်နေပြန်သည် ။

My Little Zhang Where stories live. Discover now