💕 19 💕

3.5K 437 14
                                    

Zawgyi


" သဘောကျတယ် ဦးကျန်း "

ကလေးငယ်ဆီကနေ ကြားခဲ့ရတဲ့  ဂီတသံစဉ်လို
ချစ်ခြင်းဖွဲ့စကားသံလေးတစ်ခွန်းကို ပြန်နားယောင်မိတိုင်း
လူပျိုဖြန်းလေးတစ်ယောက်လို ရင်ခုန်သံတွေ
လှိုက်မောရဆဲ ။

တည်တည်ငြိမ်ငြိမ်မျက်ဝန်းတွေက အကြည့်မလွှဲဘဲ
ကိုယ့်ရဲ့အချစ်တွေကို လိုလားကြောင်း ပြချိန်ထဲက
လုံးတစ်နေမယ့် ကိုယ်လုံးလေးကို ဆွဲယူပွေ့ဖက်
လေထဲမှာ မွှေ့ယမ်းပစ်ချင်နေခဲ့တာ ။

လူအများရှိနေတဲ့ ပန်းခြံတစ်ခုထဲမှာမို့
အနမ်းတွေ တဖွဖွခြွေချင်စိတ်ကိုလည်း ချုပ်ထိန်းထားခဲ့ရသည် ။

ခရမ်းချဉ်သီးခင်းကြီးလို ရဲပတောင်းခတ်နေခဲ့သည့်
ပါးမို့မို့တွေကို မြင်ယောင်တိုင်း အသည်းတယားယားနဲ့
ဆွဲကိုက်ပစ်ချင်စိတ်တွေ ။

" ဘာလို့ ခေါင်းအုံးကြီးကို ကိုက်နေတာလဲ "

ပွေ့ဖက်ထားမိတဲ့ ခေါင်းအုံးတစ်လုံး
လက်ထဲကနေ ဆွဲယူခံလိုက်ရမှ အသိစိတ်တွေ
ပြန်ဝင်လာခဲ့သည် ။

" ပြော! ဘယ်ကောင်မလေးအကြောင်း
တွေးနေလို့ အဲ့လောက်ထိ စိတ်လွတ်ကိုယ်လွတ်
ဖြစ်နေတာတုန်း! "

" အငယ့်အကြောင်း တွေးနေတာပါကွာ "

ခြေလက်ဆေးပြီးတာနဲ့ အဆင်သင့်လဲလို့ရအောင်
ထုတ်ထားတဲ့ အင်္ကျီကို ခေါင်းကနေစွပ်ပေးတော့
လက်တွေပါ မြှောက်ပေးထားသေးသည် ။

အင်္ကျီကိုအောက်ဆွဲချပေးပြီးနောက် သေသေသပ်သပ်ဖြစ်သွားအောင်
အနားစတွေကို တစ်ချက်နှစ်ချက် ဆွဲဆန့်ပြီးသပ်ပေးလိုက်သည် ။

" ခင်ဗျားကြီးနော် လိုချင်တာရပြီဆိုပြီး
ခြေများဖို့မကြံနဲ့ .. junလုံးက
လည်ပင်းညစ်ပစ်မှာ ဘာမှတ်! "

ကုတင်ပေါ်တက်လာရင်း လက်အမူအရာနဲ့ပါ သရုပ်ဖော်ပြသည် ။ ကြောက်ပါတယ်ဆိုပြီး
ပုခုံးနှစ်ဖက် တွန့်ပြတော့
အပိုတွေဆိုတဲ့ ပုံနဲ့ နှုတ်ခမ်းမဲ့သည် ။

" ဟွန့် "

" လာစမ်းကွာ "

လက်ကနေဆွဲခေါ်ပြီး ကိုယ့်အောက်ပို့ပစ်တော့
အထိတ်တလန့်ဖြစ်သွားတဲ့ အသေးလေး ။
နှုတ်ခမ်းရဲရဲလေးကို အကြိမ်ကြိမ် ဖိနမ်းပစ်လိုက်သည် ။

My Little Zhang Where stories live. Discover now