💕 13 💕

4.6K 599 36
                                    

Zawgyi

" ကိုယ် ခရီးထွက်ရမယ် "

" ဦးလေးမင်ပြောလို့ သိထားပါတယ် "

" နည်းနည်းတော့ ကြာမလားဘဲ
ဒီတစ်ခေါက် အလုပ်ကိစ္စက
နည်းနည်းရှုပ်ထွေးတယ် "

" ဟုတ် "

စာကြည့်စားပွဲမှ နေရင်း ကျောပေးထားသည့် ကောင်လေးက ခေါင်းတစ်ချက်သာဆတ်ပြသည် ။

တစ်ပတ်ကျော်လောက် ခွဲခွာရမှာမို့ ဒီတစ်နေ့လုံး
ကိုယ်နဲ့အတူ အချိန်ကုန်ဆုံးပေးပါလို့ ပြောချင်ပေမယ့် သူရဲဘောကြောင်နေသည့် အကျင့်တွေ ။

အရာရာအပေါ် တွန့်ဆုတ်ပြီး သတ္တိမရှိခြင်းတွေဟာ ဒီကလေးနဲ့မှဖြစ်သည် ။

" လိမ္မာမယ်မလား "

" စကားနားထောင်ပါ့မယ် "

" အရမ်းနောက်ကျတဲ့ထိ မနေဘဲ စောစောအိပ်ရမယ်
အစားကို ပုံမှန်စား ကျောင်းသွားခါနီးကို မနက်စာမလွတ်စေနဲ့
အေးနေတာမို့ နွေးနွေးထွေးထွေးနေ
နည်းနည်းနေလို့ မကောင်းတာနဲ့ ဦးလေးမင်ကိုပြော
ကိုယ်တိုင်လည်း ဂရုစိုက်
တစ်ခုခုဆိုရင် ကိုယ့်ကိုဖုန်းလှမ်းဆက် "

" ဟုတ် "

မှာတမ်းခြွေနေသည့် အကြောင်းအရာတွေကြား ကလေးငယ် စိတ်ရှုပ်နေမည်ထင်

ဒါပေမယ့် မတတ်နိုင်
နည်းနည်းလေး ဆိုးပေချင်သည့် အကျင့်ရှိတာမို့
ခရီးထွက်မည့်အချိန် အစစအရာရာဂရုစိုက်ဖို့ မှာရမည် ။

ဦးလေးမင်တို့ရှိပေမယ့် သူ့လိုတော့ မျက်စိဒေါက်ထောက် လိုက်ကြည့်နိုင်မှာမဟုတ် ။

ပြီးတော့ ဒီကလေးကလည်း သူကလွဲပြီး ကျန်တဲ့သူတွေဆို သိပ်စကားနားမထောင်ချင်တာမို့ ။

" ဂိမ်းလည်းအရမ်းမဆော့နဲ့
မျက်စိပျက်မယ် "

အနားကပ်ပြောတော့ တုန်တက်သွားသည့် ကိုယ်လုံးသေးသေးလေး

နီးကပ်နေသည့် အနေအထားကြောင့် ရဲသွေးဖြာနေသည့် မျက်နှာလေးက အောက်ငုံ့ကာ ခြေလှမ်းတွေ နောက်ဆုတ်သွားသည် ။

" အဲ့ကိစ္စကြောင့် ကိုယ့်ကိုမုန်းနေတာလား "

လက်သည်းအချင်းချင်း ပွတ်တိုက်နေသည့် ကလေးငယ်ဟာ အောက်နှုတ်ခမ်းကို ဖိကိုက်ပြီး ငြိမ်သက်နေခဲ့သည် ။

My Little Zhang Where stories live. Discover now